Tuesday, February 24, 2015

စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် တန်းမြင့်ခုန်ပြိုင်ပွဲ၌ ထင်လင်း(ပဲခူး)က မြန်မာပြည်စံချိန်သစ်တင်








နေပြည်တော် ဖေဖော်ဝါရီ ၂၃

၂ဝ၁၅ခုနှစ် စတုတ္ထအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ စားပွဲတင်တင်းနစ်၊ သုံးမျိုးစုံ(Triathlon)၊ ကာယကြံ့ခိုင်မှု၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော် ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘောပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့် နေရာများ၌ ယှဉ်ပြိုင်ကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်း-၁၌ အမျိုးသမီး မီတာ ၂ဝဝဝဝ လမ်း လျှောက်၊ အမျိုးသား မီတာ၂ဝဝဝဝလမ်းလျှောက်၊ အမျိုးသမီး ကြိုးတပ်သံလုံးပစ်၊ အမျိုးသား ကြိုးတပ်သံလုံးပစ်၊ အမျိုးသမီး တန်းမြင့်ခုန်၊ အမျိုးသား တန်းမြင့်ခုန်၊ အမျိုးသမီး မီတာ (၁ဝဝထ၄)လက်ဆင့်ကမ်း၊ အမျိုးသား မီတာ (၁ဝဝထ၄)လက်ဆင့်ကမ်း၊ အမျိုးသမီး မီတာ ၃ဝဝဝတားဆီးကျော်၊ အမျိုးသား မီတာ ၃ဝဝဝ တားဆီးကျော်၊ အမျိုးသမီး ၇ မျိုးစုံ၊ အမျိုးသမီး မီတာ ၈ဝဝ၊ အမျိုးသား မီတာ ၈ဝဝ ပြိုင်ပွဲများ ကိုကျင်းပရာ အမျိုးသား တန်းမြင့်ခုန်ပြိုင်ပွဲတွင် ၁၉၇၃ခုနှစ်က ကျော်မြင့်သိန်း(တပ်မတော်-လေ) တင်ထားသည့် မြန်မာပြည်စံချိန် ၁ ဒသမ ၉၇ မီတာကို ထင်လင်း(ပဲခူး)က ၁ ဒသမ ၉၈ မီတာဖြင့် မြန်မာပြည်စံချိန်သစ်တင်ခဲ့ပြီး ယင်း စံချိန်ကို နှစ်ပေါင်း ၄၂ နှစ်ကြာမှ ယခုလို စံချိန် ချိုးနိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသမီး မီတာ ၂ဝဝဝဝ လမ်းလျှောက် တွင် ကေခိုင်မျိုးထွန်း(မန္တလေး)က ပထမ၊ သန်းသန်းစိုး(ပဲခူး)က ဒုတိယ၊ အိအိမွန်(ပဲခူး)က တတိယ၊ အမျိုးသား မီတာ၂ဝဝဝဝ လမ်း လျှောက်တွင်
ကျော်ဇောဦး(မကွေး)က ပထမ၊ မျိုးမင်းသီဟ(ရှမ်း)က ဒုတိယ၊ ဇော်ဝင်းထွန်း(ရှမ်း)က တတိယ၊ အမျိုးသမီး မီတာ၃ဝဝဝတားဆီးကျော်တွင် ခင်မာဆယ်(မန္တလေး)က ပထမ၊ နှင်းယုစိုး(ပဲခူး)က ဒုတိယ၊ အေးအေးဖြိုး(တနင်္သာရီ)က တတိယ၊ အမျိုးသား မီတာ၃ဝဝဝတားဆီးကျော်တွင် မာကောက် (စစ်ကိုင်း)က ပထမ၊ ဇေယျာဝင်း(ပဲခူး)က ဒုတိယ၊ ထွေးဆွေ(တနင်္သာရီ)က တတိယ ရရှိကြသည်။

ဘတ်စကက်ဘောပြိုင်ပွဲကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသားပွဲစဉ်တွင် နေပြည်တော်က မွန်ကို (၄၈-၄၅)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းက ကယားကို (၇၅-၆၂)မှတ်ဖြင့်လည်းကောင်း၊ ကရင်က ဧရာဝတီကို (၆၇-၃၇)မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက မွန်ကို (၆၄-၄၃)မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းက မန္တလေးကို (၁၃၅-၄ဝ)မှတ်ဖြင့်လည်းကောင်း၊ ဧရာဝတီက ကရင်ကို (၆၁-၃၁)မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရကြသည်။

ဘော်လီဘောပြိုင်ပွဲကို နံနက် ၈နာရီတွင် လေ့ကျင့်ရေးကွင်း၌လည်းကောင်း ကျင်းပရာ အမျိုးသားပွဲစဉ်တွင် မွန်က ကချင်ကိုလည်းကောင်း၊ ရခိုင်က နေပြည်တော်ကိုလည်းကောင်း၊ ရှမ်းက စစ်ကိုင်းကိုလည်းကောင်း၊ အမျိုးသမီးပွဲစဉ်တွင် ရန်ကုန်က တနင်္သာရီကိုလည်းကောင်း၊ မကွေးက ပဲခူးကိုလည်းကောင်း၊ စစ်ကိုင်းက ရခိုင်ကိုလည်းကောင်း အနိုင်ရကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ(၃)ယောက်တွဲအဖွဲ့လိုက်အုပ်စုပွဲစဉ်များကို နံနက် ၈နာရီ တွင် ဝဏ္ဏသ္လိ္ဓိအာကစားရုံ-B ၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် မွန်က ရခိုင်ကိုလည်းကောင်း၊ စစ်ကိုင်းက ကယားကိုလည်းကောင်း၊ ရန်ကုန်က တနင်္သာရီကိုလည်းကောင်း၊ မွန်က မန္တလေးကိုလည်းကောင်း၊ ပဲခူးက ကယားကိုလည်းကောင်း၊ ရန်ကုန်က ရှမ်းကိုလည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် မကွေးက မွန်ကိုလည်းကောင်း၊ မန္တလေးက ပဲခူးကိုလည်းကောင်း၊ ကချင်က ကရင်ကိုလည်းကောင်း၊ ဧရာဝတီက နေပြည်တော်ကိုလည်းကောင်း၊ စစ်ကိုင်းက တနင်္သာရီကိုလည်းကောင်း၊ ရခိုင်က ရှမ်းကိုလည်းကောင်း၊ ဧရာဝတီက မွန်ကို လည်းကောင်း၊ မန္တလေးက စစ်ကိုင်းကိုလည်းကောင်း၊ ရန်ကုန်က ကချင်ကို လည်းကောင်း၊ ရခိုင်က ကယားကိုလည်းကောင်း၊ မကွေးက နေပြည်တော်ကို လည်းကောင်း၊ တနင်္သာရီက ပဲခူးကိုလည်းကောင်း အသီးသီး အနိုင်ရရှိကြသည်။

လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂နာရီတွင် ဝဏ္ဏသ္လိ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသမီး ၄၅ကီလိုတန်းတွင် နီနီကို(နေပြည်တော်)က နှင်းအိဆွေ (တနင်္သာရီ)ကိုလည်းကောင်း၊ မီးလေး(ကယား)က မြတ်သီရိခင်(ရခိုင်)ကို လည်းကောင်း၊ ၅၄ကီလိုတန်းတွင် မာရီးနာ(ကယား)က ထက်ထက်ခိုင်ဦး(ကရင်)ကို လည်းကောင်း၊ အမျိုးသား ၄၆ကီလိုတန်းတွင် နိုင်ဇော်အောင်(ဧရာဝတီ)က ကျော်လင်းထွန်း(မန္တလေး)ကိုလည်းကောင်း၊ ချမ်းသာဦး(ပဲခူး)က ရဲထွန်း(ရခိုင်)ကို လည်းကောင်း၊ ၈၁ကီလိုတန်းတွင် အောင်ဆွေမွန်(ပဲခူး)က နေစိုးသူရိန်(စစ်ကိုင်း) ကိုလည်းကောင်း အနိုင်ရကြသည်။

အမျိုးသားဘောလုံးရှုံးထွက်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိလ့ကျင့်ရေးကွင်း-၃၌ ကျင်းပ ရာ ပဲခူးက ရှမ်းကို (၃-၁)ဂိုးဖြင့်လည်းကောင်း၊ မန္တလေးက ကချင်ကို (၂-ဝ)ဂိုး ဖြင့်လည်းကောင်း အနိုင်ရကာ အကြိုဗိုလ်လုပွဲတက်ရောက်သွားပြီး အမျိုးသမီးရှုံးထွက် ပွဲစဉ်များကို လေ့ကျင့်ရေးကွင်း-၁၌ ကျင်းပရာ ရန်ကုန်က ကချင်ကို (၁၁-ဝ)ဂိုး ဖြင့်လည်းကောင်း၊ ရှမ်းက ကရင်ကို (၁၁-၁)ဂိုးဖြင့်လည်းကောင်း အနိုင်ရကာ အကြိုဗိုလ်လုပွဲတက်ရောက်သွားကြသည်။
ဖူဆယ်ပြိုင်ပွဲကို နံနက် ၉နာရီတွင် ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသားရှုံးထွက်ပွဲစဉ်များတွင် ရှမ်းက ဧရာဝတီကို (၉-၄)ဂိုးဖြင့်လည်းကောင်း၊ ကချင်က ကယားကို (၂၃-၄)ဂိုးဖြင့်လည်းကောင်း၊ ပဲခူးက ရန်ကုန်ကို (၂-၁)ဖြင့်လည်းကောင်း၊ စစ်ကိုင်းက မွန်ကို (၁၂-၁)ဖြင့်လည်းကောင်း အနိုင်ရကာ အêကိဗိုလ်လုပွဲတက်ရောက်ကြပြီး အမျိုးသမီးအုပ်စုပွဲတွင် မန္တလေးက ကယားကို (၁၅-ဝ)ဖြင့်လည်းကောင်း၊ ရှမ်းက မွန်ကို (၂-၁)ဂိုးဖြင့်လည်းကောင်း အနိုင်ရကြသည်။



သတင်းနှင့် ဓာတ်ပုံ - ကိုကိုစိုးညွန့်

 

No comments:

Post a Comment