Tuesday, February 24, 2015

ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

Photo: ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကျင်းပ

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃

ရွှေတိဂုံစေတီတော်  ၂၆ဝ၃ နှစ် မြောက်  ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ရွှေတိဂုံစေတီတော်ရင်ပြင်တော် ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပ သည်။
ရှေးဦးစွာ ရှေးဟောင်းရုပ်ပွားတော် တန်ဆောင်းမှ စတင်ကာ နှစ်ကျိပ် ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များအား ဂေါပက အဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက လက်ယာရစ်လှည့်လည်ပူဇော်ခံပြီး အခမ်းအနားကျင်းပမည့် ချမ်းသာကြီး တန်ဆောင်းသို့ ပင့်ဆောင်ကြသည်။

ဆက်လက်၍ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဗဟန်းမြို့နယ် ခြောက် ထပ်ကြီး   သိင်္ဂီဦးကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊  အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ၊  အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒောဘာသထံမှ ဧည့်ပရိသတ်များက နဝင်္ဂသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် မြတ်ဗုဒ္ဓ၏  သဗ္ဗညုတ ဥာဏ်ရောင်  မြတ်တန်ဆောင်ကို  လေးမြတ်ကော်ရော်ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော်သြဝါဒါစရိယဆရာတော်နှင့် ဂေါပကအဖွဲ့ဝင် များက  ဆီမီးတန်ဆောင်ထွန်းညှိ ပူဇော်ပြီး ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကိုဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာ တော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဧည့်သည်တော် များနှင့်  အာရုံခံမုခ်ဦး  လေးခုတွင် နေရာယူထားကြသည့်ပရိသတ်များက မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသဒေသနာ တော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်းမှ သံဃာတော်များက အသံမစဲ မဟာ ပဋ္ဌာန်းဒေသနာတော်များကို စတင်၍ ရွတ်ဖတ်ပူဇော်ကြကာ မတ် ၄ ရက် အထိ ၁ဝ ရက်တိုင်တိုင်  ရွတ်ဖတ် ပူဇော်ကြမည်ဖြစ်သည်။

လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော် မြတ်ကြီးကို မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် အောင်မြင်စွာ တည်ထားပြီးစီး   ကိုးကွယ်လာခဲ့ ကြောင်း   သမိုင်းစာတမ်းများအရ သိရှိခဲ့ရသည်။ ယခု ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်မှ အစပြု၍ ပြန်ရေတွက် သော်   စေတီတော်မြတ်ကြီး၏ သက်တမ်းတော်သည်   နှစ်ပေါင်း ၂၆ဝ၃ နှစ်ရှိပြီးဖြစ်ကြောင်း  သိရ သည်။  
             
 (သတင်းစဉ်)

No comments:

Post a Comment