Tuesday, February 24, 2015

အော်စကာရုပ်ရှင် ထူးချွန်ဆု ဂျူလီလျန်မိုး အမျိုးသမီး ဇာတ်ဆောင်ဆု ဆွတ်ခူး



လန်ဒန် ဖေဖော်ဝါရီ ၂၃

ဗြိတိသျှရုပ်ရှင်မင်းသား အက်ဒီ ရက်မေနီသည် ၂ဝ၁၅ အော်စကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် The Theory of Everything ဇာတ် ကားဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု ဆွတ်ခူးသွားခဲ့ပြီး ဂျုလီလျန်မိုးက Still Alice ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆွတ်ခူး သွားခဲ့သည်။ မစ္စတာ ရက်မေနီက မှုခင်းဆန်ဆန် ရိုက်ကူးခဲ့သည့် အဆိုပါဇာတ်ကားတွင် ပူးတွဲသရုပ် ဆောင်သူ ဖယ်လစ်စီတီဂျုံးနှင့် ဒါရိုက်တာ ဂျိမ်းမတ်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါ ရုပ်ရှင်အော်စကာဆု ပေးပွဲတွင် Birdman ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူး ပြီး ၎င်းဇာတ်ကားဖြင့် မက္ကဆီကို ရုပ်ရှင်ထုတ်လုပ်သူ အလက်ဂျန်းဒရို ဂွန်ဇာလက်အီနာရစ်တူကအကောင်းဆုံး ဒါရိုက်တာဆု ဆွတ်ခူးသွားခဲ့သည်။

The Theory of Everything ရုပ်ရှင်ကားသည် ဆန်ခါတင် ရုပ်ရှင် ဇာတ်ကား ငါးကားအနက်မှ ရွေးချယ် ခံရခြင်းဖြစ်သည်။ ရုပ်ရှင်မင်းသမီး ဂျူလီလျန်မိုးသည် အယ်လ်ဇိုင်းမား ရောဂါအကြောင်း ရိုက်ကူးထားသည့် Still Alice ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ထားသည်။ အသက် ၅ဝ အရွယ်တွင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်တတ်ကြောင်း အသိပေးသည့် အနေဖြင့် အကောင်းဆုံးသရုပ်ဆောင် ထားသည်။ ''အယ်လ်ဇိုင်းမားရောဂါနဲ့ ပတ်သက်၍ မီးမောင်းထိုးပြနိုင်တဲ့ အတွက် ကျွန်မအရမ်းပျော်ပါတယ်''ဟု ဂျူလီလျန်မိုးက ဆိုသည်။
(ဘီဘီစီ)

No comments:

Post a Comment