Sunday, February 1, 2015

ဒုတိယသမ္မတဦးဉာဏ်ထွန်းနှင့်အဖွဲ့ အယုဒ္ဓယမြို့ စက်မှုဇုန်၌ ကြည့်ရှုလေ့လာ



 

နေပြည်တော် ဇန်နဝါရီ ၃၁


ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတဦးဉာဏ်ထွန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ခေတ္တတည်းခို သည့် Four Seasons Hotel မှ မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ကြရာ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် အယုဒ္ဓယမြို့ Rojana Industrial Park သို့ ရောက်ရှိကြသည်။

ထို့နောက် စက်မှုဇုန်အရောင်းမြှင့်တင်ရေးရုံးခန်းမ၌ Rojana Industrial Park မန်နေဂျင်းဒါရိုက်တာ မစ္စတာဂျေလပွန် ဝီနစ်ဗွက်က စက်မှုဇုန် အကျယ် အဝန်း၊ မြေအသုံးချမှုအခြေအနေ၊ စက်မှုဇုန်စတင်တည်ထောင်သည့်ခုနှစ်၊ မြေပိုင်ဆိုင်မှု အမျိုးအစား၊ အလုပ်သမားဦးရေ၊ စက်မှုဇုန်၌ ထုတ်လုပ် လျက်ရှိသည့် ပစ္စည်းအမျိုးအစားများ၊ အခြေခံအဆောက်အအုံ တည်ဆောက် ထားရှိမှု၊ ကုန်ပစ္စည်း ပို့ဆောင်လမ်းကြောင်း၊ ဇုန်ထိန်းသိမ်းမှုကုန်ကျစရိတ်၊ ဈေးကွက်ဖြန့်ဖြူးမှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံနေသည့်နိုင်ငံများ၊ ရေဆိုးသန့်စင် ပေးနေမှု၊ လူနေမှုအတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးထားမှု၊ ဇုန်အတွင်း လျှပ်စစ်ဓာတ်အား၊ သဘာဝဓာတ်ငွေ့နှင့် ရေအလုံအလောက် ရရှိစေရေး ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များ က သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် Rojana Industrial Park အတွင်းရှိ အသေးစား၊ အလတ် စားစက်ရုံများ တည်ဆောက်ထားရှိ မှုနှင့် စက်ရုံများသို့ ဓာတ်အားပေး စက်ရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနေမှုတို့ကို မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါ စက်မှုဇုန်ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ပြီး မြေဧက ၁၅ဝဝဝ ကျယ်ဝန်းကာ အလုပ်သမားဦးရေ ၁၂ဝဝဝဝ အလုပ်ပေးထားနိုင်ကြောင်း သိရ သည်။ စက်မှုဇုန်တွင် ကားပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းအမျိုးမျိုး နှင့် စားသောက်ကုန်များကိုလည်း ထုတ်လုပ်လျက်ရှိပြီး စက်မှုဇုန် အတွင်း လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အိမ်ရာ၊ ဘဏ်၊ စား သောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ထည့်သွင်း တည် ဆောက်ပေးထားကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် Panasonic Electric Works (Ayutthaya) Co, Ltd. သို့ရောက်ရှိကြရာ ဒါရိုက်တာ မစ္စတာ တာကူဂျီ ဆာဝါးဒါက စက်ရုံထုတ် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်နေမှုကို လိုက်လံရှင်းလင်း ပြသသည်။

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် F&N Dairies (Thai Land)Co,Ltd. သို့ ရောက်ရှိကြရာ ကုန်ထုတ်လုပ်ရေးဌာနမှူး မစ္စတာ ဝါဒါဒီ ပတ်ပီတက်က နို့အချောထွက် ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေမှုတို့ကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲသည့် KHAO C.P Co;Ltd. ဆန်အရည်အသွေးမြင့် စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံဒုတိယဥက္ကဋ္ဌ မစ္စတာ ဆူရာချိုင်း ချိုင်ချက်နစီတီ ကန်က အရည်အသွေးမြင့်ဆန်တင် ပို့ရောင်းချနိုင်ရန်အဆင့်ဆင့် ဆောင် ရွက်နေမှုများကို ရှင်းလင်းပြသပြီး စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါအရည်အသွေးမြင့် ဆန် စက်ကို ၂ဝ၁၁ ခုနှစ်က တည်ဆောက် ထားပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁ သန်း ၅ သိန်းကျော် အရည်အသွေး မြှင့်ပေးနိုင်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီ မိနစ် ၂ဝ တွင် ထိုင်းနိုင်ငံ ဗန် ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာအပြည်ပြည်ဆိုင်ရာ လေ ကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ ကြသည်။

ဒုတိယသမ္မတနှင့် ကိုယ်စား လှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ တနင်္သာရီတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများလည်း ပြန်လည်လိုက်ပါလာကြသည်။
(သတင်းစဉ်)

No comments:

Post a Comment