Sunday, February 1, 2015

အိမ်ရှင်သြစတြေးလျအသင်း အချိန်ပိုသွင်းဂိုးဖြင့် အာရှဖလားဆွတ်ခူး

 Photo: အိမ်ရှင်သြစတြေးလျအသင်း အချိန်ပိုသွင်းဂိုးဖြင့် အာရှဖလားဆွတ်ခူး
========================

ဆစ်ဒနီ   ဇန်နဝါရီ   ၃၁

အာရှဖလား ၂ဝ၁၅ ဗိုလ်လုပွဲ ကို  ယနေ့ညနေပိုင်းတွင်  ဆစ်ဒနီ မြို့၌ တောင်ကိုရီးယားနှင့်သြစတြေး လျတို့    ယှဉ်ပြိုင်ကစားကြရာ သြစတြေးလျက နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဖလားဆွတ်ခူးခဲ့သည်။

အိမ်ရှင် သြစတြေးလျအသင်း ၏အဖွင့်ဂိုးကို ပထမပိုင်း ၄၅ မိနစ် တွင်  လူအွန်ဂိုက  သွင်းယူပေးခဲ့ သည်။   တောင်ကိုရီးယားအသင်း သည်  ချေပဂိုးရရှိရန်  ဖိအားပေး ကစားခဲ့ရာမှ ပွဲပြီးခါနီး မိနစ် ၉ဝ တွင် မင်ဆန်၏သွင်းဂိုးဖြင့်  သရေရလဒ် ယူထားနိုင်သည်။ အချိန်ပို မိနစ် ၃ဝ ထပ်မံကစားခဲ့ရာ ပွဲချိန် ၁ဝ၅ မိနစ်တွင်     ဂျိမ်းစ်ထရိုင်စီက ဂိုးသွင်းယူပေးပြီး  သြစတြေးလျတို့ အာရှဖလားကို   သိမ်းပိုက်နိုင်ခဲ့ သည်။

တတိယနေရာလုပွဲကို  ဇန်နဝါရီ ၃ဝ ရက် ညနေပိုင်းတွင်  အီရတ်နှင့် ယူအေအီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယူအေအီးအသင်း သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလား၂ဝ၁၅  ပြိုင်ပွဲတွင် အကောင်းဆုံး ကစားသမားဆုကို သြစတြေးလျမှ  မက်ဆီမိုလူအွန်ဂို ရရှိပြီး   အကောင်းဆုံး ဂိုးသမားဆု ကို  မက်သရူးရိုင်ယန်ရရှိခဲ့သည်။  ဂိုးသွင်းအများဆုံးဆုကို ယူအေအီး ကစားသမား  အလီမက်ကော့တ် က သွင်းဂိုးငါးဂိုးဖြင့် ရရှိခဲ့သည်။ 

အသန့်ရှင်းဆုံး  အသင်းဆုကို သြစတြေးလျ ထပ်မံရရှိခဲ့သည်။
သီဟ
 
No comments:

Post a Comment