Saturday, January 31, 2015

MH 370 လေယာဉ်ပျက်ကျကြောင်း ထုတ်ပြန်ချက်ကို တရုတ်လူမျိုးများက ရုပ်သိမ်းရန်တောင်းဆို

 Photo: MH 370 လေယာဉ်ပျက်ကျကြောင်း ထုတ်ပြန်ချက်ကို တရုတ်လူမျိုးများက ရုပ်သိမ်းရန်တောင်းဆို

ပေကျင်း     ဇန်နဝါရီ      ၃ဝ

MH 370 လေယာဉ်တွင် လိုက်ပါသွားသော ခရီးသည်အားလုံး သေဆုံးသွားပြီဆိုသည့် ကြေညာချက်ကို မလေးရှားနိုင်ငံက ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တရုတ်လူမျိုးခရီးသည်များ၏  ဆွေမျိုးများက  ထုတ်ပြန်ချက်ကို ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုကြသည်။ 

ခိုင်မာသည့် သက်သေပြချက်မရှိဘဲ ခရီးသည်များ သေဆုံးသွားသည်ဟု ကြေညာခြင်းကို ယုံကြည်ရန် ခက်ခဲ ကြောင်း တရုတ်လူမျိုးများက ဆိုသည်။ လျော်ကြေးငွေကိုလည်း မလိုလားကြောင်း ၎င်းတို့က ပြောကြားသည်။ 

MH 370 လေယာဉ်သည် မတော်တဆမှုဖြစ်ပြီး ပျက်ကျသွားခဲ့ကြောင်းနှင့် လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည် အားလုံး သေဆုံးသွားပြီဖြစ်ကြောင်း မလေးရှားအစိုးရက တရားဝင်ကြေညာခဲ့သည်။ တရုတ်လူမျိုးများက ၎င်းတို့၏ ဆွေမျိုးများ အသက်ရှင်လျက်ရှိနေသေးသည်ဟု မျှော်လင့်နေဆဲဖြစ်သည်။                              အေပီ။
 
No comments:

Post a Comment