Saturday, January 31, 2015

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်လောင်းသင်တန်းဆင်းပွဲကျင်းပ

 Photo: မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ်လောင်းသင်တန်းဆင်းပွဲကျင်းပ

မန္တလေး ဇန်နဝါရီ ၃ဝ

မြန်မာနိုင်ငံရဲတပ်ဖွဲ့   ရဲအရာရှိ လေ့ကျင့်ရေးကျောင်း ဒုတိယရဲအုပ် လောင်းသင်တန်း အမှတ်စဉ် (၇၈/ ၂ဝ၁၄) ရဲဗလတပ်ခွဲသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲ တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦး လွင်မြို့နယ် ဇီးပင်ကြီးရှိ ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ်ဇော်ဝင်းက ဒုတိယရဲအုပ်လောင်း များ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်း ဆင်းတပ်ခွဲများကို စစ်ဆေးခဲ့သည်။ ထို့နောက် သင်တန်းဆင်းတပ်ခွဲများမှ ဒုတိယရဲအုပ်လောင်းများက ရဲချုပ်အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုပြီးနောက်ရဲချုပ် က ရဲဗလတပ်ခွဲမှ အကောင်းဆုံး ကျောင်းသားဆု၊   လေ့ကျင့်ရေး ထူးချွန်ဆု၊ ဥပဒေဘာသာရပ်ထူးချွန်ဆု၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆု၊ အင်္ဂလိပ်စာဘာသာရပ်  ထူးချွန်ဆု ရရှိသူများအား ဆုချီးမြှင့်သည်။

ယင်းနောက် ရဲချုပ်က အမှာစကား ပြောကြားရာတွင် ပြည်သူတို့သည် ဘဝ တည်ငြိမ်အေးချမ်းစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး အတွက် ပင်မတာဝန်ရှိသည်နှင့်အညီ တရားဥပဒေစိုးမိုးရေးကို ရည်မှန်းချက် တာဝန်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း။

ပြည်သူလူထုအတွက် အေးချမ်း သာယာပြီး ဘေးကင်းလုံခြုံမှုရှိမည့် အနာဂတ်ဆီသို့ ဦးတည်ဆောင်ရွက် ရာတွင် ပြောင်းလဲတိုးတက်လာသော ခေတ်ကာလအခြေအနေအလိုက် ဖြစ် ပေါ်လာသည့်မှုခင်းများ၊ အထူးသဖြင့် ပြည်သူများ   အထိတ်တလန့်ဖြစ် စေမည့် မှုခင်းများနှင့် အကြမ်းဖက် မှုများကို ကြိုတင်ကာကွယ်တားဆီး သွားကြရန် မှာကြားလိုကြောင်း။

ပြည်တွင်းပဋိပက္ခများနှင့် အကြမ်း ဖက်မှုများကို တားဆီးဟန့်တားရာတွင် လိုအပ်ချက်အရ အင်အားသုံးရပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ ကို သတိကြီးစွာဖြင့် လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် ၂ဝ၁၅ ခုနှစ် တွင်အထွေထွေရွေးကောက်ပွဲကို နိုင်ငံ တကာစံချိန်စံညွှန်းများနှင့် ကျင်းပပေး ရန်ရှိရာ နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီ ပြီးဘေးကင်းလုံခြုံစွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပေါင်းစပ်၍ ဆောင်ရွက်နိုင်ရန် အဘက်ဘက်မှ   ကြိုတင်ပြင်ဆင် လေ့ကျင့်မှုများပြုလုပ်ရန်   လိုအပ်ကြောင်း။

ပြည်သူကိုဗဟိုပြုသော ရဲလုပ်ငန်း စနစ်သို့ ကူးပြောင်းရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူလူထုက ယုံကြည်စွာအပ်နှံထား သည့် လုပ်ပိုင်ခွင့်များကို ဥပဒေနှင့်အညီ  ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရဲတပ် ဖွဲ့၏ ဆောင်ရွက်နေမှုများ ပွင့်လင်း မြင်သာမှုရှိအောင် မီဒီယာမှတစ်ဆင့် ပြည်သူလူထုထံ စဉ်ဆက်မပြတ်အသိ ပေးရမှာဖြစ်ကြောင်း။

ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန် ရဲတပ်ဖွဲ့က ဆောင် ရွက်နေသည့် ဥပဒေ၊  နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို   ကျွမ်းကျင် အောင်လေ့လာပြီး ကိုယ်အား၊စိတ်အား ထက်သန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတကာနှင့်   ရင်ပေါင်တန်းနိုင် သည့်  အလေ့အကျင့်ကောင်းများ ရရှိအောင်  စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

အဆိုပါ   ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၇၈/၂ဝ၁၄) ရဲဗလတပ်ခွဲသို့ တပ်တွင်းဘွဲ့ရ အမျိုး သား ၂၉၃ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။    

(သတင်းစဉ်)
 
No comments:

Post a Comment