Friday, January 30, 2015

မြန်မာယူ-၂ဝ အသင်း နောက်ဆုံးခြေစမ်းပွဲတွင် ဂိုးပြတ်နိုင်



 
 
 
အစ္စတန်ဘူလ် ဇန်နဝါရီ ၂၉

တူရကီနိုင်ငံတွင် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည့် မြန်မာယူ-၂ဝ အသင်း နှင့် ဂျာမနီ စတုတ္ထတန်း ကလပ် JV1879 Ehrenhair အသင်းတို့သည် ယနေ့ နံနက်ပိုင်းက ခြေစမ်းကစားခဲ့ရာ မြန်မာအသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၂ဝ အသင်းမှာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ပြီး အရန်ကစားသမား ကိုးဦးအထိ အသုံးပြုခဲ့သည်။ အမာခံကစားသမား အချို့ကို ဒုတိယပိုင်းမှာ အသုံးပြုခဲ့ပြီး မြန်မာလူငယ်အသင်းအတွက် ဂိုးများကို အောင်သူဖြိုး၊ သီဟထက်အောင်၊ ရန်လင်းအောင်နှင့် အောင်သူတို့က သွင်းယူပေးခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ ငါးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။

မြန်မာအသင်းမှာ အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ ဂျာမနီကလပ်များဖြစ်သည့် BAK Berlin အသင်းကို လေးဂိုး-တစ်ဂိုး၊ ယခု Ehrenhair အသင်းကို လေးဂိုး -တစ်ဂိုးတို့ဖြင့် အနိုင်ရပြီး တာဂျစ်ကစ္စတန်ကလပ် Taraz အသင်းနှင့် နှစ်ဂိုးစီသရေကျကာ အီရန်ယူ-၂၂ အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ (ဖိုးသော်ဇင်)

No comments:

Post a Comment