Friday, January 30, 2015

နောင်ချိုမြို့နယ်တွင် ဘိန်းဖြူ သုည ဒသမ ဝဝဝ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြား သိမ်းဆည်းရမိ



 
 
 နေပြည်တော် ဇန်နဝါရီ ၂၉

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၆ ရက်က နောင်ချို မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်အနီးတွင် မူဆယ်မှ မန္တလေးသို့ ယာဉ်မောင်း သက်ပိုင်စိုး မောင်းနှင်လာသည့် ယာဉ် အမှတ် 8I/....ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ခုံအမှတ် (၂၈)တွင် လိုက်ပါလာသည့် ခရီးသည် အောင်ကျော်သန်းဝတ်ဆင်ထားသည့် မိုးကာအနွေးထည် အင်္ကျီအိတ်အတွင်းမှ ဘိန်းဖြူ သုည ဒသမ ဝဝဝ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅ ပြား သိမ်းဆည်းရမိသဖြင့် အောင်ကျော်သန်း (၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။(မူးယစ်ဗဟို)

No comments:

Post a Comment