Thursday, January 1, 2015

ဂါရက်ဘေးလ် ရီးရဲမှ ထွက်ခွာမည် မဟုတ်



ဂါးရက်ဘေးလ်သည် ရီးရဲမက်ဒရစ်မှ မည်သည့်အခါမျှထွက်ခွာလိမ့်မည် မဟုတ်ကြောင်း အသင်းဥက္ကဋ္ဌဖလော်ရင်ဘီနိုပီယက်စ်က ပြောကြားလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဝေလကစားသမား ဂါးရက်ဘေးလ်သည် ၂ဝ၁၃ ခုနှစ် တွင် တော့တင်ဟမ်ဟော့စပါးမှ ပြောင်းရွှေ့ကြေးပေါင် ၈၅ ဒသမ ၃ သန်းဖြင့် ရီးရဲမက်ဒရစ်မှပြောင်းရွှေ့လာခြင်းဖြစ်သည်။ ၎င်းအား မန်ယူကခေါ်ယူရန် ကြိုးစားလျက်ရှိသည်။ ကျွန်တော်တို့အနေနဲ့ မန်ယူမှ မဟုတ်ပါဘူး။ အခြား ဘယ်ကလပ်ကမှ သူ့ကို ကမ်းလှမ်းတာကို လက်ခံမှာ မဟုတ်ပါဘူး''ဟု ပီယက်စ် က စပိန်သတင်းစာ မာကာသို့ ပြောကြားသည်။

ကျွန်တော့်အနေနဲ့ စီရိုနယ်ဒိုမပါဘဲ စိတ်ကူးမယဉ်နိုင်သလို ဂါးရက်ဘေးမရှိ ဘဲနဲ့လည်း စိတ်ကူးယဉ်လို့ရမှာမဟုတ်ပါဘူး''ဟု ၎င်းက ဆက်လက်ပြောကြား သည်။ တိုက်စစ်မှူး ဂါးရက်ဘေးလ်သည် ချန်ပီယံလိဂ်နှင့် ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲတို့တွင် ဂိုးသွင်းယူခဲ့သည်။

၎င်းပြောင်းရွှေ့သည့် ပထမရာသီမှာပင် ရီးရဲမက်ဒရစ်အတွက် ဖလား နှစ်လုံးကို ရယူပေးနိုင်ခဲ့သည်။ ၎င်းအသင်းသည် လက်ရှိအခြေအနေတွင် ချန်ပီယံအက်သလက်တီကိုကို နောက်မှ သုံးမှတ်ခွာ၍ တတိယနေရာမှ လိုက်နေသည်။
ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment