Thursday, January 1, 2015

CNG မီးသတ်ရေသယ်ယာဉ် ၃၁ စီးလွှဲပြောင်းပေးအပ်ပွဲ မကွေးမြို့၌ ကျင်းပ

Photo: CNG မီးသတ်ရေသယ်ယာဉ် ၃၁ စီးလွှဲပြောင်းပေးအပ်ပွဲ မကွေးမြို့၌ ကျင်းပ
==========================================

 မကွေး  ဒီဇင်ဘာ  ၃၁

မကွေးမြို့ ရန်ကျော်ရပ်ရှိ မကွေး တိုင်းဒေသကြီးအားကစားကွင်းတွင် ဒီဇင်ဘာ ၂၉ ရက်နံနက် ၉နာရီက မကွေးတိုင်းဒေသကြီး  အစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အတွက်  CNG  မီးသတ်ရေသယ်ယာဉ် ၃၁ စီး လွှဲပြောင်းပေးအပ်ခြင်းအခမ်း အနား ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက အမှာ စကားပြောကြားပြီး     မကွေးခရိုင် အတွက် မီးသတ်ရေသယ်ယာဉ် ၁ဝ စီး၊  ပခုက္ကူခရိုင်အတွက်  မီးသတ် ရေသယ်ယာဉ်ငါးစီး၊  ဂန့်ဂေါခရိုင် အတွက် မီးသတ်ရေသယ် ယာဉ်နှစ်စီး တို့ကို မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ   ဦးကျော်သိန်းထံသို့ လည်းကောင်း၊     လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန   ဗိုလ်မှူး ကြီး ဇော်လင်းအောင်က သရက်ခရိုင် အတွက် မီးသတ်ရေသယ်ယာဉ် ခုနစ် စီး၊  မင်းဘူးခရိုင်အတွက်  မီးသတ် ရေသယ်ယာဉ်ခုနစ်စီးတို့ကို သရက် ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးမြင့်နိုင်ထွန်းထံသို့ လည်းကောင်း ပေးအပ်ခဲ့ကြောင်းနှင့်မကွေးမြို့နယ်    မီးသတ်ဦးစီးဌာနမှ  တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့က မီးလောင် မှုကို  လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြမှုများပြုလုပ်ခဲ့ကြောင်း သိရ သည်။                 ကျော်ဇေယျ

No comments:

Post a Comment