Saturday, January 31, 2015

တိရိစ္ဆာန်များ စည်းကမ်းမဲ့လွှတ်ကျောင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည်

Photo: တိရိစ္ဆာန်များ စည်းကမ်းမဲ့လွှတ်ကျောင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်မည်
===============================================

မကွေး ဇန်နဝါရီ ၃ဝ

မကွေးမြို့   စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ  မြို့တွင်းလမ်း များပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ စည်းကမ်းမဲ့   လွှတ်ကျောင်းထားမှု ကြောင့် ယာဉ်အသုံးပြုသူပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေရုံသာ မက ယာဉ်မတော်တဆမှုများဖြစ်ပွား နိုင်ခြင်းကြောင့်   တာဝန်ရှိစည်ပင် သာယာရေးအဖွဲ့က ယခင်ကထက် ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး  စည်ပင် သာယာရေးအဖွဲ့များဥပဒေ၊ အခန်း (၁၆) တားမြစ်ချက်များပါ ပုဒ်မ ၆၇ (က)အရ မည်သူမျှ မြို့နယ်စည်ပင် သာယာရေး    နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် (သို့ မဟုတ်) ခွင့်ပြုချက်ပါ သတ်မှတ်ချက် များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့်စည်းကမ်းများနှင့်ဖြစ်စေ  ညီညွတ် မှုမရှိလျှင် တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်း၊ လွှတ်ကျောင်းခြင်းမပြု ရဟု   ပြဋ္ဌာန်းတားမြစ်ထားသည်။ သို့သော် မွေးမြူရေးလုပ်ကိုင်သူများ ဘက်မှ  စည်းကမ်းလိုက်နာမှု   အား နည်းနေခြင်းများကြောင့်   မြို့တွင်း လမ်းမကြီးများပေါ်တွင် ကျွဲ၊နွားများ မကြာခဏ  ဖြတ်သန်းသွားလာနေ ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး မှ  သုံးသပ်ပြောကြားသည်။  ထိုသို့ လမ်းမကြီးများပေါ်တွင်   တိရစ္ဆာန် များ လွှတ်ကျောင်းထားခြင်းကြောင့် ယာဉ်မတော်တဆမှုများဖြစ်ပွားနိုင်သည့်အပြင်  စာသင်ကျောင်းအနီး လမ်းဘေးတွင်  မွေးမြူထားသော နွားများကြောင့်  ကျောင်းနေအရွယ် ကလေးငယ်များ  ထိခိုက်အန္တရာယ် ဖြစ်ပွားနိုင်ခြင်း၊    မြို့၏သန့်ရှင်း သာယာလှပမှုကိုထိခိုက်စေခြင်းများ ကြောင့် စည်းကမ်းတကျ ခြံလှောင် စနစ်ဖြင့် မွေးမြူထားခြင်းမရှိသူများ အား ကြပ်မတ်စစ်ဆေးအရေးယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

စည်းကမ်းလိုက်နာမှု   အားနည်း ချက်များအား ကွင်းဆင်းအသိပညာ ပေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဒုတိယဦးစီးမှူး ဦးသန်း ဝင်းဦးစီးသော စည်းကမ်းထိန်းသိမ်း ရေး   ဝန်ထမ်းများက   အပတ်စဉ် ဆောင်ရွက်လျက်ရှိပြီး မြို့တော်သာ ယာလှပရေး၊   စိမ်းလန်းစိုပြည်ရေး အတွက် ပန်းအလှပင်များ၊ မြေယာ ရှုခင်းများ ပျက်စီးခြင်းမှကာကွယ် နိုင်ရန်နှင့်  အများပြည်သူများ  စိတ် အနှောင့်အယှက်ကင်းဝေးကာ ဘေး ကင်းလုံခြုံစေရန်အတွက် စည်းကမ်း ပိုင်းဆိုင်ရာ ကြပ်မတ်ဆောင်ရွက် မှုများ    ဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။  ဇေယျတု(မကွေး)
 
No comments:

Post a Comment