Saturday, January 31, 2015

လျှပ်စစ်ဒါးမိန်းအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား

 Photo: လျှပ်စစ်ဒါးမိန်းအပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား

ရန်ကုန်      ဇန်နဝါရီ      ၃ဝ

မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် အောင်သိဒ္ဓိလမ်းမ ကြီးနှင့် အောင်သိဒ္ဓိကျောင်းလမ်းထောင့်ရှိ ဈေးဆိုင်ခန်း များ၌ ဇန်နဝါရီ ၃ဝ ရက် နံနက်အစောပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ်နေ ဦးကျော်ထွေး(၅ဝ)နှစ်၏ ထမင်းဆိုင်၌ ဇန်နဝါရီ ၃ဝ ရက် နံနက် ၃ နာရီက လျှပ်စစ်ဒါးမိန်းခလုတ် အပူလွန်ကဲပြီး ဝါယာရှော့ခ်ဖြစ်ကာ  မီးစတင်လောင်ကျွမ်းခဲ့ရာမှ ၎င်းထမင်းဆိုင်အပါအဝင် ကုန်စုံဆိုင်၊ မော်တာပြုပြင်ရေးဆိုင်နှင့်   ဆိုင်ခန်းများ၏အပေါ်ထပ်ရှိ အခန်းများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ ခြင်းဖြစ်သည်။ 

မီးလောင်ရာသို့ ပတ်ဝန်းကျင်ရှိပြည်သူများ၊ မီးသတ်ယာဉ်များနှင့် တာဝန်ရှိသူများ ရောက်ရှိပြီး မီးငြှိမ်းသတ် ခဲ့ကြသဖြင့် နံနက် ၃ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ဦးကျော်ထွေးအား မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းက (ပ)၅၆/ ၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(စိုးဝင်း-MLA)
 
No comments:

Post a Comment