Saturday, January 31, 2015

ရွှေအင်းတော်စေတီတော် (၁၁၈၅) နှစ်ပြည့် ဗုဒ္ဓပူစနိယပွဲတော် စည်ကားစွာကျင်းပမည်

Photo: ရွှေအင်းတော်စေတီတော် (၁၁၈၅) နှစ်ပြည့် ဗုဒ္ဓပူစနိယပွဲတော် 
စည်ကားစွာကျင်းပမည်
======================================

တောင်တွင်းကြီး ဇန်နဝါရီ ၃ဝ

မကွေးတိုင်းဒေသကြီး တောင်တွင်း ကြီးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာရွှေအင်းတောင်စေတီ တော်မြတ်ကြီး၏ (၁၁၈၅) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို  ၁၃၇၆ ခုနှစ် တပေါင်းလပြည့်ကျော် ၅  ရက်မှ တန်ခူးလဆန်း ၈ ရက်အထိ စည်ကား သိုက်မြိုက်စွာ  ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ဗုဒ္ဓပူဇနိယပွဲတော်   ကျင်းပရေး အတွက်   စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း   အစည်းအဝေးကို ဇန်နဝါရီ ၂၈ ရက်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဂေါပကအဖွဲ့ဥက္ကဋ္ဌ  ဦးစံသိန်းက  အမှာစကားပြောကြား ပြီး ဆပ်ကော်မတီများနှင့် ဂေါပက များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပွဲတော်စည်ကားသိုက်မြိုက်စွာ  ကျင်းပ နိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ဗုဒ္ဓပူဇနိယပွဲတော်တွင် တပေါင်း လပြည့်ကျော် ၅ ရက်မှစ၍  အထူး တရားပွဲများ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းသပိတ်လောင်းလှူပူဇော်ပွဲ၊ ရိုးရာ ခြင်းပညာစွမ်းရည်ပြပွဲ၊  မျက်လှည့် ပြပွဲများ၊ ဇာတ်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ စုံလင်စွာပါဝင်ကျင်းပသွားမည်ဖြစ် ကြောင်းနှင့် ဈေးဆိုင်များလည်း ဖွင့် လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။                      နိုင်ဝင်း
 
No comments:

Post a Comment