Thursday, January 29, 2015

အိုင်အက်စ်ဓားစာခံအရေး ဂျပန်နှင့် ဂျော်ဒန်ဆွေးနွေး


 


အမ္မန် ဇန်နဝါရီ ၂၈

 ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ယာဆူဟီဒီ နာကာယာမာသည် ဂျော်ဒန်နိုင်ငံ အမ္မန်မြို့တော်တွင် အိုင်အက်စ်များဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေးနှင့်ပတ်သက်၍ ဂျော်ဒန်တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးခဲ့မှုနှင့်စပ်လျဉ်း၍ ထုတ် ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။ အိုင်အက်စ်စစ်သွေးကြွအစွန်းရောက်များက ဂျပန်လူမျိုး သတင်းထောက်တစ်ဦးနှင့် ဂျော်ဒန်လေယာဉ်မှူးတစ်ဦးတို့ကို ဖမ်းဆီးထားပြီး ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

ဂျပန်လူမျိုးအလွတ်သတင်းထောက် ကန်ဂျီဂိုတိုနှင့် ဂျော်ဒန်လေယာဉ်မှူး မူအတ်သ် ကာဆီစ်ဘက်ဟ်တို့အိုင်အက်စ်အဖွဲ့မှလွတ်မြောက်ရေးအတွက် နိုင်ငံတကာက ဝိုင်းဝန်းကြိုးပမ်းလျက်ရှိသည်။

အိုင်အက်စ်တို့က ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ် ခံထားရသည့် အီရတ်အမျိုးသမီး ဆာဂျီဒါအယ်လ်ရီရှာဝီ ကို လွတ်မပေးပါက ဖမ်းဆီးထားထားသည့် ဓားစာခံများကို ၂၄ နာရီအတွင်း သတ်ပစ်မည်ဟု အကြောင်းကြားထားသည်။ ဆာဂျီဒါအယ်လ်ရီရှာဝီသည် ၂ဝဝ၅ ခုနှစ်က ဟိုတယ်တစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၆ဝ သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဂျော်ဒန်နိုင်ငံတွင် သေဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

ဂျော်ဒန်နိုင်ငံတွင် လေယာဉ်မှူး၏ဆွေမျိုး ၂ဝဝ ခန့် က အမ္မန်မြို့တော်ရှိ ဝန်ကြီးချုပ်ရုံးရှေ့တွင် အိုင်အက်စ်တို့၏ တောင်းဆိုမှုကို လိုက်လျောရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ နောက်ဆုံးထွက်ပေါ်လာသည့်သတင်းများအရ ဂျော်ဒန် နိုင်ငံက အကျဉ်းသားနှင့် လေယာဉ်မှူးကို လဲလှယ်ရန် အသင့်ရှိသည်ဟု သိရသည်။

အေပီ။

No comments:

Post a Comment