Thursday, January 29, 2015

ကင်ဂျုံအန် မော်စကိုသို့အလည်အပတ်လာရောက်မည်ဟု ရုရှားအတည်ပြု



 


 မော်စကို ဇန်နဝါရီ ၂၈

 မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားနိုင်ငံ မော်စကိုမြို့တော်၌ မေလတွင်ကျင်းပမည့် ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းဆိုင်ရာ အထိမ်းအမှတ်အခမ်း အနားပွဲများသို့ တက်ရောက်မည်ဖြစ်ကြောင်း ကရင်မလင် နန်းတော်က ဇန်နဝါရီ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန် ကြေညာခဲ့ပြီး ယင်းခရီးစဉ်မှာ ကင်ဂျုံအန်အတွက် ၂ဝ၁၁ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်အဖြစ် စတင်တာဝန်ယူပြီးနောက် ပထမဆုံးအကြိမ် ပြည်ပခရီးစဉ် ဖြစ်လာဖွယ်ရှိသည်။

''မြောက်ကိုရီးယားခေါင်းဆောင် ပါဝင်တက်ရောက်ဖို့ သေချာပါတယ်။ သူ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြင်ဆင်မှုတွေပြုလုပ်နေပါပြီ''ဟု ရုရှားသမ္မတ ဗလာဒီ မာပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က အင်တာဖက်စ်သတင်းဌာနသို့ ပြောကြားသည်။ ပက်စ်ကော့ဗ်သည် အခြားသောအသေးစိတ်အချက်အလက်ကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

မော်စကိုမြို့တော်တွင် ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီများကို ဆိုဗီယက်တို့က အနိုင်တိုက်အောင်ပွဲခံနိုင်မှု နှစ်(၇ဝ)မြောက်နှစ်ပတ်လည်အခမ်းအနား ကျင်းပမည် ဖြစ်ရာ တရုတ်သမ္မတ ရှီကျင့်ဖျင်အပါအဝင် ကမ္ဘာ့ခေါင်း ဆောင်များတက်ရောက်ရန် ဖိတ်ကြားထားသည်။

တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂွန်ဟေးသည်လည်း အဆိုပါအခမ်းအနားသို့တက်ရောက်ရန် ဖိတ်ကြားခံထား ရပြီး တက်ရောက်မည်၊ မတက်ရောက်မည်ကို ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။

ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မြောက်ကို ရီးယားနိုင်ငံ၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ရုရှား နှင့် တရုတ်တို့သည် ကုလသမဂ္ဂက မြောက်ကိုရီးနိုင်ငံ၏ လူ့အခွင့်အရေးစံနှုန်းများကို နိုင်ငံတကာပြစ်မှုဆိုင်ရာ တရားရုံးသို့ ပြန်လည်လွှဲအပ်ရန် တောင်းဆိုမှုကို ငြင်းပယ်ခဲ့ကြသည်။

ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်သည် ၂ဝ၁၁ ခုနှစ် သြဂုတ်လတွင် ရုရှား နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့ပြီး ¤င်း၏ ကိုယ်ပိုင် ရထားပေါ်တွင် ထိုစဉ်က ရုရှားသမ္မတ ဒီမစ်ထရီ မက်ဗီဒက်ဗ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အေအက်ဖ်ပီ။

No comments:

Post a Comment