Saturday, January 31, 2015

လက်ရှိချန်ပီယံ ရတနာပုံအသင်း သုံးပွဲဆက်အနိုင်ရ

 Photo: လက်ရှိချန်ပီယံ ရတနာပုံအသင်း 
သုံးပွဲဆက်အနိုင်ရ

ရန်ကုန်     ဇန်နဝါရီ    ၃ဝ

၂ဝ၁၅ ရာသီMNLအမှတ်ပေးပြိုင်ပွဲ  ပွဲစဉ်(၄) ပထမနေ့အဖြစ် မနောမြေအသင်းနှင့် ရတနာပုံအသင်းတို့ ယနေ့ညနေ ၄ နာရီက သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားကြသည်။

ရတနာပုံ - နှစ်ဂိုး (မက်ဆီမင်နှင့် ဒွေးကိုကိုချစ်)

မနောမြေ - တစ်ဂိုး (အီဗရာဟင်)

လက်ရှိချန်ပီယံ ရတနာပုံအသင်းမှာ ဒုတိယပိုင်းတွင် သွင်းယူသောဂိုးဖြင့် မနောမြေအသင်းကို အနိုင်ယူကာ သုံးပွဲဆက်နိုင်ပွဲရယူခဲ့သည်။ ရတနာပုံအသင်း မှာ အသစ်ခေါ်ယူထားသည့် ကစားသမားများ အံမဝင်သေးခြင်းကြောင့် ပုံစံကောင်းရရန် ရုန်းကန်နေရဆဲဖြစ်သည်။ အဖွင့်ပွဲတွင် ကမ္ဘောဇနှင့် သရေကျပြီး ကတည်းက ရှုံးပွဲဆက်နေသည့် မနောမြေအသင်းမှာ သုံးပွဲဆက်အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည်။

ပွဲစကတည်းက ရတနာပုံတို့ ဂိုးရရှိရန် တိုက်စစ်ဖွင့်  ကစားခဲ့သည်။ ရတနာပုံ အသင်း ခြေအသာဖြင့်ဖိကစားနိုင်ခဲ့ သော်လည်း ၂၉ မိနစ်မှ ဂိုးစရခဲ့ပြီး ကွင်းလယ်လူ မက်ဆီမင်က သွင်းယူခဲ့ ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရတနာပုံ ကစားပုံပျက်သွား၍ မနော မြေခြေဖိကစားလာနိုင်ပြီး ၄၁ မိနစ် တွင် အီဗရာဟင်က ချေပဂိုးပြန်သွင်းခဲ့သည်။ ရတနာပုံအသင်းမှာ အနိုင်ဂိုး ရရှိရေးအတွက် ဒုတိယပိုင်း၌ ကစား သမား   အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်အားမြှင့်ခဲ့သည်။   မနော မြေအသင်းမှာလည်း သရေတစ်မှတ် ရရှိရေးအတွက် ကြိုးပမ်းခဲ့ပြီး ရတနာပုံ တိုက်စစ်ကို    ထိန်းချုပ်ခဲ့သည်။ ရတနာပုံအတွက် အနိုင်ဂိုးကို ၇၃ မိနစ် တွင် လူစားဝင်တိုက်စစ်မှူး ဒွေးကိုကိုချစ်က သွင်းယူပေးခဲ့သည်။

ယနေ့ပွဲ

(သုဝဏ္ဏကွင်း) ချင်း-ရန်ကုန်

(အောင်ဆန်းကွင်း) ဟံသာဝတီ-နေပြည်တော်

(တောင်ကြီးကွင်း) ကမ္ဘောဇ-ရခိုင်
 
No comments:

Post a Comment