Friday, January 30, 2015

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လွှတ်တော်ထောက်ပံ့ငွေပေးအပ်

Photo: ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် လွှတ်တော်ထောက်ပံ့ငွေပေးအပ်
================================

တောင်ကြီး ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်ရှိ တောင်နီကျေးရွာအုပ်စု သိမ်ကုန်းကျေးရွာတွင် ရပ်ကွက် ကျေးရွာအုပ်စုများ၏ ဒေသဖွံ့ဖြိုး ရေးဆောင်ရွက်ရန်အတွက် ၂ဝ၁၄-၂ဝ၁၅ခုနှစ် ဘဏ္ဍာရေးနှစ် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပံ့ ငွေပေးအပ်ပွဲကို ဇန်နဝါရီ ၂၇ ရက်က ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရှမ်းပြည်နယ် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်က အမှာစကားပြောကြားသည်။ ထို့နောက် လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးက ရေလှောင်ကန်တည်ဆောက်ရန်အတွက် ငွေကျပ် ၂၅သိန်းကို သိမ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ စိမ့်စမ်းရေ သွယ်တန်း ခြင်းအတွက် ငွေကျပ် သိန်း ၂ဝ ကို ကွန်လုံကျေးရွာအုပ်စု သိမ်အင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။
စိုင်းသန်းကျော်(တောင်ကြီး)

No comments:

Post a Comment