Thursday, January 29, 2015

မြေအသုံးချဆန်းစစ်ခြင်းနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး အဓိကပူးပေါင်းဆောင်ရွက်




နေပြည်တော် ဇန်နဝါရီ ၂၈

မြေအသုံးချဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းစီမံကိန်း ကနဦးအလုပ်ရုံ ဆွေးနွေးပွဲကို သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO မှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနများ မှကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် သစ်တောဦးစီးဌာနနှင့် FAO တို့ ပူးပေါင်းအကောင် အထည်ဖော်မည့် ယခုစီမံကိန်းကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၇ ရက်ကစတင်၍ စီမံကိန်းကာလ နှစ်နှစ်တိတိ ကြာမြင့်မည်ဖြစ် ကြောင်း၊ သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း၊ စောင့်ကြည့်စစ်ဆေး ခြင်း၊ မြေအသုံးချမှု ဆန်းစစ်ခြင်းနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်းများကို အဓိက ပူး ပေါင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနနှင့် င်္ဗဥ တို့သည် ၁၉၈ဝ ပြည့်နှစ်မှ စတင်၍ အပူပိုင်းသစ်တောများ ဆန်းစစ်ခြင်း စီမံကိန်းကို ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ ပါကြောင်း။
ဒုတိယစီမံကိန်းအဖြစ် ၁၉၈၁ မှ ၁၉၈၆ ခုနှစ်အထိ အမျိုးသားသစ်တောသယံဇာတ စာရင်းကောက် ယူခြင်း စီမံကိန်းနှင့်အတူ ဌာန၏ ကောင်းကင်ဓာတ်ပုံ အသုံးပြုမှုဌာန စိတ်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ဆန်းစစ်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် နိုင်ခဲ့ပါကြောင်း၊ ထို့နောက် ၁၉၉၇ ခုနှစ် ရေဝေရေလဲဒေသစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့၍ စီမံကိန်းအထောက်အပံ့ဖြင့် ဒစ်ဂျစ်တယ်နည်းနှင့် သရုပ်ခွဲခြင်း စနစ် (Digital Image Proce-ssion System) ကို စတင်အသုံးပြု နိုင်ခဲ့ပြီးRS နှင်GIS ဌာနစိတ်ကို တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ၂ဝဝ၅ ခုနှစ်၊ ၂ဝ၁ဝ ပြည့်နှစ် သစ်တော သယံဇာတအကဲဖြတ်မှု (Forest Resource Assessment- FRA) အစီရင်ခံစာများတွင် ပူးပေါင်းဆောင် ရွက်နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် အစီရင် ခံစာအတွက်လည်း မကြာမီ ထုတ်ပြန် နိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် FAO မှ Lead Techanical Officer ဖြစ်သူMr.Kenicho Shono က နှုတ်ခွန်း ဆက် အမှာစကားပြောကြားပြီး တက် ရောက်လာသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကာ ဖွင့်ပွဲအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။


ဆွေးနွေးပွဲတွင် FAO နှင့် UN-REDD ရှိ ပညာရှင်များက စာတမ်းလေးစောင် ဖတ်ကြားသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment