Thursday, January 29, 2015

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ





နေပြည်တော် ဇန်နဝါရီ ၂၈

ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ထိပ်ကျေးရွာအထွက် လယ်ကွင်း ရှိ မီးသွေးဖိုသို့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က ဇန်နဝါရီ ၂၇ ရက် နံနက် ၅ နာရီခွဲက သတင်းအရ သွားရောက် ရှာဖွေရာ စောကျော်ရွှေ (၄၅ နှစ်)၊ စောအိခုံ(ခ)အောင်ဝေနိုင် (၄ဝ နှစ်)၊ စောငွေလာ(၄ဝ နှစ်)တို့ကို WY စာတန်းပါ ပန်းရောင်စိတ်ကြွရူး သွပ်ဆေးပြား ၆၉ ပြား၊ အရှည် လေး ပေခွဲခန့်ရှိ တူမီးသေနတ်တစ်လက်၊ ခဲသီးသုံးတောင့်တို့နှင့်အတူ ဖမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်းစစ်ဆေး ရေးအဖွဲ့သည် နံနက် ၁၁ နာရီတွင် စောကျော်ရွှေ၏ ထွက်ဆိုချက်အရ လက္ခဏကျေးရွာနေ စောသိမ်းစိုး မောင်(ခ)အေအာလာ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စောသိမ်းစိုး မောင်(ခ)အေအာလာသည် သေနတ် အတိုတစ်လက်၊ သေနတ်အရှည် တစ်လက်တို့နှင့်အတူ ခြံအနောက် ဘက်သို့ ထွက်ပြေးတိမ်းရှောင်သွား ခဲ့သည်။ 

ယင်းနေအိမ်အတွင်း ဆက်လက် ရှာဖွေရာ ပစ်စတိုတစ်လက်၊ ကျည် အိမ်တစ်ခု၊ ၄င်းကျည် ၁ဝ၆ တောင့်၊ အမ်-၁၆ သေနတ်တစ်လက်၊ ၄င်း ကျည်အိမ်အရှည် သုံးခု၊ အတိုလေးခု၊ ၄င်းကျည်တောင့် ၃၈ဝ၊ စနိုက်ပါ တပ် ပွိုင့်-၂၂ ပြောင်းရှည်သေနတ် တစ်လက်၊ ၄င်းကျည်အိမ်တစ်ခု၊ ၄င်း ကျည် ၁၁ တောင့်၊ ဘီအေ-၁ဝ၃ ဒုံး ပစ်လောင်ချာတစ်လက်၊ ဗုံးသီး နှစ်လုံး၊ အကူယမ်းတောင့် နှစ်ခု၊ ကာ ဘိုင်ကျည်အိမ်အရှည်နှစ်ခု၊ ကျည် တောင့် ၃ဝ၊ အေကေ-၄၇ ကျည်အိမ် တစ်ခု၊ ၁၂-ဗို့ကျည် ခြောက်တောင့် ဖြူး(စ်)ပါ ဘီအေ-၁ဝ၉ လက်ပစ်ဗုံး သုံးလုံး၊ WYစာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်းဆေးပြား ၉၁ ပြား၊ အနက်ရောင်ပိုက်ဆံအိတ် တစ်လုံးနှင့် ငွေကျပ် ၅၁ဝဝဝ၊ ပြောက်ကျားဦးထုပ် တစ်လုံး၊ အစိမ်းရောင်ဘယ်ရီဦးထုပ် တစ်လုံး၊ ပြောက်ကျားအင်္ကျီတစ်ထည်၊ ဘောင်းဘီရှည်နှစ်ထည်၊ ဘေးလွယ် အိတ်(စစ်စိမ်းရောင်)သုံးလုံး၊ ဖိနပ်တစ်ရန်၊ အီကွစ်မင့်တစ်စုံ၊ သေနတ် ချိုင်းလွယ်ကြိုးတစ်စုံ၊ လက်ထိပ်တစ်စုံ၊ ဓားမြှောင်နှစ်လက်၊ ZTE တံဆိပ်ပါ ဖုန်းတစ်လုံး(ဆင်းကတ်ပါ)၊ WOU SUM လက်ကိုင်စကားပြောစက် တစ် လုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ သုံးဦးနှင့် ထွက်ပြေးတိမ်းရှောင်နေသော စော သိမ်းစိုးမောင်တို့ကို အိန္ဒုရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment