Thursday, January 29, 2015

အက်ဖ်အေဖလားဆွတ်ခူးရေး လမ်းကြောင်းပေါ်ရောက်လာတဲ့ အာဆင်နယ်




အက်ဖ်အေဖလား ပြိုင်ပွဲမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရပေမယ့် လက်ရှိချန်ပီယံ အာဆင်နယ်ကတော့ ဖလားပြန်လည် သိမ်းပိုက်ရေး လမ်းကြောင်းပေါ် ရောက်လာပြီလို့ဆိုရမယ့် အနေ အထားပါ။ 

အာဆင်နယ်ဟာပဉ္စမဆင့် ပြိုင်ပွဲမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ် ဘရော့နဲ့ကစားရမှာ ဖြစ်ပါတယ်။ စတုတ္ထအဆင့်မှာ မန်စီးတီးကိုအနိုင် ယူခဲ့တဲ့ မစ်ဒယ်ဘရော့ဟာ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ အာဆင်နယ်နဲ့ကစားရမှာ ဖြစ်ပါ တယ်။ ချယ်လ်ဆီးကိုအနိုင်ယူခဲ့တဲ့ ဘရစ္စတောစီးတီးက ဆန်းဒါးလန်း ဒါမှမဟုတ် ဖူလ်ဟမ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကင်းဘရစ်နဲ့မန်ယူတို့ ထဲက ပြန်ကန်ပွဲမှာ အနိုင်ရတဲ့အသင်း နဲ့ ပရီစတွန်သို့မဟုတ် ရှက်ဖီးယူနိုက် တက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ခရစ္စ တယ်ပဲလေ့စ်ကတော့ လီဗာပူး သို့မဟုတ် ဘော်လ်တန်နဲ့ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဖ်အေ ဖလားကို ဆွတ်ခူးနိုင်မယ့်အသင်းဆို လို့ ပရီမီယာလိဂ်အသင်းကြီးတွေက အာဆင်နယ်နဲ့ လီဗာပူးတို့သာရှိ တော့တဲ့အတွက် သူတို့အသင်း နှစ်သင်းဟာ ဒီနှစ်ထဲမှာ အက်ဖ်အေ ဖလား ဆွတ်ခူးနိုင်မယ့်အသင်းတွေ ထဲက တစ်သင်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

No comments:

Post a Comment