Thursday, January 29, 2015

ဂျာမနီတတိယတန်းကလပ်ကို မြန်မာယူ - ၂၀ အသင်းအနိုင်ယူ




ဖိုးသော်ဇင်

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်နေသည့် မြန်မာယူ-၂ဝ အသင်းသည် ဇန်န ဝါရီ ၂၇ ရက် ညပိုင်းက ဂျာမနီတတိယ တန်းကလပ် BAK Berlin အသင်း နှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်

မြန်မာယူ-၂ဝ အသင်းသည် နန္ဒ ကျော်၊ အောင်သူ၊ သန်းပိုင်၊ ကျော်မင်း ဦး၊ ငြိမ်းချမ်းအောင်၊ ထိုက်ထိုက် အောင်တို့ဖြင့် လူစုံပွဲထွက်လာခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ပွဲအစနှစ်မိနစ်တွင် မြန်မာအသင်း ဂိုးစပေးခဲ့ရသော်လည်း ၂၅ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် အသင်း ခေါင်းဆောင် နန္ဒကျော်က သွင်းယူ ပေးခဲ့သည်။ မြန်မာ ယူ-၂ဝ အသင်း အတွက် ဂိုးများကို ၆၈ မိနစ်တွင် သန်းပိုင်၊ ၈၈ မိနစ်တွင် အောင်သူနှင့် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ငြိမ်း ချမ်းအောင်တို့က သွင်းယူပေးခဲ့ သည်။ မြန်မာယူ-၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ် နောက်ဆုံးပွဲ အဖြစ် ဇန်နဝါရီ ၂၉ ရက် (ယနေ့) တွင် ဘရာဇီး ဒုတိယတန်းကလပ် အသင်းနှင့် ထပ်မံကစားမည်ဖြစ် သည်။

No comments:

Post a Comment