Thursday, January 29, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ပူးတွဲကြေညာချက်တစ်ရက်ထုတ်ပြန်




နေပြည်တော် ဇန်နဝါရီ ၂၈

နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စားလှယ်များသည် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပခဲ့ပြီး နှစ်ဖက်ဆွေးနွေးမှုအရ အစိုးရ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ ကျောင်း သား ကိုယ်စားလှယ်များက ပူးတွဲကြေညာချက်တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။

ယင်းပူးတွဲကြေညာချက်တွင် ''(က) အစိုးရ၊ လွှတ်တော်၊ ကျောင်းသား နှင့် National Network for Education Reform (NNER) ကိုယ်စား လှယ်များ ပါဝင်သော ပထမအကြိမ် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့၌ စတင်ရန်၊ (ခ) လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ကျောင်းသားကိုယ်စားလှယ်များမှ တင်ပြသော အချက်(၁၁)ချက်ကို ဆွေးနွေး ညှိနှိုင်းအဖြေရှာကြရန်၊ (ဂ) ကိုယ်စားလှယ်များအနေဖြင့် အပြုသဘော ဆောင်ဆွေးနွေးပြီး သဘောတူညီမှုများကို ညှိနှိုင်းရယူရန်နှင့်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးအဖြေရှာသွားရန်၊ (ဃ) ကျောင်းသား များအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့်နေ့တွင် သပိတ်ရပ်နားသွား မည်''ဟူသည့်အချက် (၄)ချက်အား သဘောတူညီခဲ့ကြကြောင်း ဖော်ပြပါ ရှိသည်။

အဆိုပါတွေ့ဆုံပွဲသို့ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဒုတိယဝန်ကြီး ဦးသန့်ရှင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကျောင်းသားကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။
ယမန်နေ့က တောင်သာမြို့၌ ညအိပ်ရပ်နားခဲ့သည့် လမ်းလျှောက်ဆန္ဒဖော်ထုတ်လျက်ရှိသော ကျောင်းသား အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထွက်ခွာခဲ့ပြီး ည ၇နာရီခွဲခန့်တွင် မိုင်တိုင်အမှတ် (၄၂၃) မှတစ်ဆင့် ပုပ္ပားသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)

No comments:

Post a Comment