စစ်ကိုင်း ဇန်နဝါရီ ၁
စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး၊ မြို့နယ်သစ်တော ဦးစီးဌာနမှူး ဦးညွန့်လှိုင်၊ သစ်တောဝန်ထမ်းများနှင့် စစ်ကိုင်းခရိုင် စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညောင်ပင်ဝန်းရဲစခန်းမှ ရဲအုပ်အောင်ဌေးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် နံနက် ၄ နာရီခွဲက စစ်ကြောင်းအသွင်ဖြင့် တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်းလုပ်ငန်းကို စစ်ကိုင်း-မုံရွာ-ရွှေဘို ကားလမ်း တစ်လျှောက် ရှာဖွေစစ်ဆေးရာ စစ်ကိုင်း-မုံရွာသွားကားလမ်း နုံးတွင်းကျေးရွာအနီး ရပ်တန့်ထား သောယာဉ်အမှတ် ၂စ။..ဒိုင်နာ ပုံပြောင်းခြောက်ဘီးအဖြူရောင် ယာဉ်အားရှာဖွေစစ်ဆေးရာ တရားမဝင်သစ် တမလန်းဓားရွေတုံးများ တင်ဆောင်ထားသည်ကို စစ်ဆေး တွေ့ရှိသဖြင့် အမှုဖွင့်ထားရှိပြီး တရားခံအား ဖမ်းဆီးနိုင်ရန် စုံစမ်းလျက်ရှိ ကြောင်းသိရသည်။
မျိုးဝင်း(စစ်ကိုင်း)
No comments:
Post a Comment