Friday, January 2, 2015

မြန်မာ့ရိုးရာလှေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

Photo: မြန်မာ့ရိုးရာလှေသဘင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရေး     ဇန်နဝါရီ     ၁

ရေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီတို့ ကြီးမှူး ကျင်းပသော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ် ရေးမြို့ ရှေးဟောင်းမြကန်သာကျုံးတော်ကြီး၌ ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီက ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ 

ဆက်လက်ပြီး လှေလှော်ပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်လှေအသင်း ၁၁ သင်း  ပါဝင်ယှဉ်ပြိုင်လှော်ခတ် ကြမည်ဖြစ်ရာ ဆုရရှိမည့် ပြိုင်ပွဲဝင်လှေအသင်းများကို လွတ်လပ်ရေးနေ့၌ စည်ကားသိုက်မြိုက်စွာဖြင့် မြန်မာ့ရိုးရာ လှေလှော်သဘင်ပွဲတော်ကို  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။      

ထွဋ်ထွဋ်(ရေး)

No comments:

Post a Comment