Friday, January 2, 2015

ဘားအံမြို့၌ သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်း

Photo: ဘားအံမြို့၌ သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်း

ဘားအံ   ဇန်နဝါရီ   ၁

ကရင်ပြည်နယ် ဘားအံမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၏  ပထမအကြိမ် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ၌ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ဝတ်ရည်ထူးကသားဖွားသင်တန်းကျောင်းသူ ၃၃ ဦးအား သူနာပြုဒီပလိုမာအောင် လက်မှတ်များ အပ်နှင်းပေးခဲ့ကြောင်း သိရသည်။  

နေမျိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment