Friday, January 30, 2015

ကက်ပီတယ်ဝမ်းဖလားက မော်ရင်ဟိုအတွက် ဖြစ်လာမလား

Photo: ကက်ပီတယ်ဝမ်းဖလားက မော်ရင်ဟိုအတွက် ဖြစ်လာမလား
=====================================

ကက်ပီတယ်ဝမ်းဖလား ဒုတိယ အကျော့မှာ လီဗာပူးကိုအနိုင်ရသွား တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီနှစ် ရာသီအတွက် ဖလားဆွတ်ခူးဖို့ နီးကပ် သွားပါပြီ။   လီဗာပူးကို  စတမ်းဖို့ဒ် ဘရစ်အိမ်ကွင်းမှာ   အီဗန်နိုဗစ်ရဲ့  တစ်လုံးတည်းသော လေလွင့်ချိန်ဂိုး နဲ့ အနိုင်ရပြီး ချယ်လ်ဆီးတို့ဗိုလ်လုပွဲ တက်သွားခဲ့တာပါ။  လေလွင့်ချိန်သုံး မိနစ်မှာ အီဗန်နိုဗစ်က ခေါင်းတိုက် ဂိုးနဲ့သွင်းယူပေးခဲ့တာပါ။ လီဗာပူး တို့တစ်ချိန်လုံး  တောင့်ထားပေမယ့် နောက်ဆုံးမှာတော့   တစ်လုံးတည်း သောဂိုးနဲ့   ကပ်ရှုံးသွားခဲ့ပါတယ်။ ချယ်လ်ဆီးဟာ   ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီ   သရေကျခဲ့တာ ကြောင့် အိမ်ကွင်းမှာကစားခွင့်ရခဲ့ တဲ့အတွက်   အသာစီးကစားနိုင်ခဲ့ ပါတယ်။ 
သို့သော်လည်း ၂ဝ၁၂  ခုနှစ်မှာ ဖလားရခဲ့တဲ့   ဘရီဒန်းရော်ဂျာရဲ့ လီဗာပူးဟာ  ချယ်လ်ဆီးကို   စိုးရိမ် ကြောက်ရွံ့စွာနဲ့ကစားခဲ့တာ  မဟုတ် ပါဘူး။   ပြိုင်ပွဲမှာ    အနိုင်ရမယ်လို့ ယုံကြည်မှုအပြည့်နဲ့ကစားခဲ့တာပါ။ ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာအနိုင် ရလိုက်တဲ့အတွက်  ဖလားမျှော်မှန်း နိုင်တဲ့အနေအထား  ရောက်သွားပါ  တယ်။  ပြီးခဲ့တဲ့အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ   ဘရက်ဖို့ဒ်ကိုရှုံးပြီး   ပြိုင်ပွဲမှ  ထွက်ခဲ့ရပေမယ့်  နည်းပြ မော်ရင်ဟိုအတွက် နှစ်သိမ့်စရာဖြစ် လာခဲ့ပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment