Friday, January 30, 2015

မဲလ်ဘုန်းမှဖလားရနိုင်တဲ့ မက်ဒီဆင်ကီးစ်

Photo: မဲလ်ဘုန်းမှဖလားရနိုင်တဲ့ မက်ဒီဆင်ကီးစ်
=========================

မဲလ်ဘုန်းမြို့မှာ    သြစတြေးလျအိုးပင်းတင်းနစ် ပြိုင်ပွဲကစားလျက်ရှိရာမှာ မက်ဒီဆင်ကီးစ်က ဗီးနပ်စ် ဝီလျံကိုနိုင်ပြီး   အကြိုဗိုလ်လုပွဲတက်ရောက်သွားပါ တယ်။ မက်ဒီဆင်ကီးစ်ဟာ အကြိုဗိုလ်လုပွဲမှာ ဗီးနပ်စ် ဝီလျံရဲ့ညီမ ဆီရီနာဝီလျံနဲ့ကစားရမှာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ အမေရိကန်သူကီးစ်ဟာ ဆီရီနာဝီလျံကိုပါနိုင်ပြီး ပထမဆုံးသောဂရင်းဆလမ် ဖလားဆွတ်ခူးနိုင်လိမ့်မယ်လို့  တင်းနစ်ကျွမ်းကျင်သူ များက  ခန့်မှန်းထားကြပါတယ်။ 

အမျိုးသားပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဝါရင်ကာက  ဂျပန်မှ  နီရှိကိုရီကို  အနိုင်ရထားပါတယ်။ 

မက်ဒီဆင်ကီးစ်ရဲ့ လက်ရှိနည်းပြဟာ ကမ္ဘာ့ နံပါတ်တစ်  တင်းနစ်မယ်ဟောင်း   လင်ဆေးဒါဗင်ပို့တ်  ရဲ့နည်းပြဖြစ်တာကြောင့် ပြိုင်ပွဲမှာ အနိုင်ရဖို့အလား အလာကောင်းနေပါတယ်။ အသက်ငယ်ရွယ်သူဖြစ်ပြီး အတွေ့အကြုံများတဲ့အတွက်  သြစတြေးလျအိုးပင်း ဖလားဆွတ်ခူးဖို့မျှော်မှန်းထားတယ်လို့ သုံးသပ်နေကြ ပါတယ်။

ကောင်းမြတ်သူ-စုစည်းသည်

No comments:

Post a Comment