Friday, January 30, 2015

ဥရောပ ကော်မာရှယ်ကုမ္ပဏီလီမီတက်မှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း

Photo: ဥရောပ ကော်မာရှယ်ကုမ္ပဏီလီမီတက်မှ ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်း
===============================================

မြန်အောင် ဇန်နဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး   မြန်အောင်မြို့နယ် ထန်းသုံးပင်အုပ်စု  အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ဥရောပကော်မာရှယ်ကုမ္ပဏီလီမိ တက်  အီးအေစီဖောင်ဒေးရှင်းမှ   ဆောက်လုပ် လှူဒါန်းသော အလျားပေ ၆ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁၂ ပေရှိ တစ်ထပ်ကျောင်းဆောင်သစ်ကို  ပညာ ရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၂၉  ရက်က ကျင်းပခဲ့သည်။
ကျောင်းဆောင်သစ်ကို  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်နှင့် ဥရောပကော်မာရှယ်ကုမ္ပဏီလီမိတက်မှ မန်နေဂျာ ဦးစောအောင်တို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး  ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေ၊  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က  အမှာစကားပြောကြား ကာ   ဥရောပကော်မာရှယ်ကုမ္ပဏီလီမိတက်မှ ဖောင်ဒေးရှင်း မန်နေဂျာက ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်းရခြင်းနှင့်ပတ်သက်၍  ရှင်း လင်းပြောကြားသည်။ ထို့နောက် ကျောင်းဆောင် သစ်အား  အလှူရှင်  အီးအေစီဖောင်ဒေးရှင်းမှ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပြီး အလှူရှင် များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ များ   ပြန်လည်ပေးအပ်ခဲ့သည်။

ကျောင်းဆောင်သစ်  လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်များ၊   မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများ၊ အလှူရှင်ကုမ္ပဏီမှ တာဝန်ရှိ သူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ 
နေဝင်းဇော်(မြန်အောင်)

No comments:

Post a Comment