Saturday, January 31, 2015

ဒီနှစ် သြစတြေးလျချန်ပီယံ ဘယ်သူဖြစ်လာမလဲ

Photo: ဒီနှစ် သြစတြေးလျချန်ပီယံ ဘယ်သူဖြစ်လာမလဲ
=============================

မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဆီရီနာဝီလျံနဲ့ ရှာရာပိုဗာတို့ဟာ အကြိုဗိုလ်လုပွဲမှာ အသီးသီးသော ပြိုင်ဘက် တွေကို အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လာကြပါတယ်။

ကမ္ဘာ့နံပါတ်-၂ ရှာရာဗိုဗာဟာ ရုရှားတစ်နိုင်ငံတည်းသူ မာကာရိုဗာကို ၆-၃၊ ၆-၂နဲ့ နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ခဲ့တာပါ။ ကမ္ဘာ့နံပါတ်-၁ ဆီရီနာဝီလျံ ကလည်း တစ်နိုင်ငံတည်း အမေရိကန်သူ မက်ဒီဆင်ကီးစ်ကို အကြိတ်အနယ် ကစားပြီး ၇-၆၊ ၇-၅၊ ၆-၂ နဲ့နိုင်ခဲ့ပါတယ်။

ကမ္ဘာ့နံပါတ်-၁ ဆီရီနာဝီလျံဟာ သြစတြေးလျအိုးပင်းမှာ ငါးကြိမ်တိုင် ချန်ပီယံဖြစ်ခဲ့သူဖြစ်တဲ့အလျောက် ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့တာကြောင့် နောက်ဆုံးမှာ အနိုင်ရလိုက်တာပါ။ 

၂ဝဝ၈ ခုနှစ်ရဲ့ သြစတြေးလျချန်ပီယံရှာရာပိုဗာကလည်း အကြိုဗိုလ်လုပွဲ မှာ မာကာရိုဗာကို တစ်နာရီနဲ့ ၂၇ မိနစ်အကြာ ကစားပြီးမှ အနိုင်ရခဲ့တာပါ။ 

ဗိုလ်လုပွဲမှာတော့ ဆီရီနာဝီလျံပဲ ဖလားသိမ်းပိုက်သွားမလား။ ရုရှားသူ ရှာရာ ပိုဗာမျှော်မှန်းထားသလို ဒီနှစ်ချန်ပီယံဖြစ်မလားဆိုတာကတော့ စောင့်ကြည့် ရဦးမှာပါ။
ကောင်းမြတ်သူ-စုစည်းသည်
 
No comments:

Post a Comment