ကက်ပီတယ်ဝမ်းဖလားမှာ စပါး က ရှက်ဖီးယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်း
သုံးဂိုး-နှစ်ဂိုးနဲ့နိုင်ပြီး ဗိုလ်လုပွဲမှာ မော်ရင်ဟိုရဲ့ချယ်လ်ဆီး
နဲ့ကစားရတော့မှာဖြစ်ပါတယ်။ ပထမ အကျော့မှာ
စပါးက တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပြီး ဒုတိယအကျော့မှာ တစ်ဖက်
နှစ်ဂိုးစီသရေကျပြီး နှစ်ကျော့ပေါင်း သုံးဂိုး-နှစ်ဂိုးနဲ့
စပါးကအနိုင်ရခဲ့တာ ပါ။
ဒီအနိုင်ရလဒ်ကြောင့် စပါး အသင်းဟာ လာမယ့်မတ် ၁ ရက်မှာ ချယ်လ်ဆီးအသင်းနဲ့ ဗိုလ်လုပွဲကစား ရမှာဖြစ်ပါတယ်။ စပါးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲအဖြစ် ဖီအိုရင် တီးနားအသင်းနဲ့ အဝေးကွင်းသွား ရောက်ကစားပြီး သုံးရက်အကြာ မတ် ၁ ရက်မှာ ဝင်ဘလေကွင်းကြီး မှာ ဗိုလ်လုပွဲကစားရမှာ ဖြစ်ပါတယ်။
စပါးနဲ့ချယ်လ်ဆီးတို့ရဲ့ နောက်ဆုံး လိဂ်ဖလားပြိုင်ပွဲအဖြစ် ၂ဝဝ၈ ခုနှစ်က ဗိုလ်လုပွဲကစားခဲ့ရာမှာ စပါးက အနိုင်ယူပြီး ဖလားဆွတ်ခူးနိုင်ခဲ့ပါ တယ်။
ဒါပေမယ့် မော်ရင်ဟိုရဲ့ ချယ်လ်ဆီးဟာ ဒီဖလားကို ဆွတ်ခူး ဖို့ ရေပန်းစားနေတာပါ။ နှစ်သစ်ကူး နေ့က စပါးကချယ်လ်ဆီးကို ငါးဂိုး-သုံးဂိုးနဲ့ အနိုင်ကစားနိုင်ခဲ့တဲ့အတွက် စပါးအနေနဲ့ဒီဗိုလ်လုပွဲမှာ ချယ်လ်ဆီး ကို အနိုင်ကစားဖို့ ယုံကြည်ချက် အပြည့်အဝရှိနေပါတယ်။ မော်ရင်ဟို ကတော့ ဒီဖလားကို အရယူမယ့် အနေအထားပါပဲ။
ကောင်းမြတ်သူ-စုစည်းသည်

No comments:
Post a Comment