Thursday, January 1, 2015

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် သတင်းရယူမည့် မှတ်ပုံတင်ထားပြီးသောမီဒီယာများသို့ ပန်ကြားချက်

Photo: (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားတွင် 
သတင်းရယူမည့် မှတ်ပုံတင်ထားပြီးသောမီဒီယာများသို့ ပန်ကြားချက်

နေပြည်တော်    ဒီဇင်ဘာ    ၃၁

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်း အနားသို့ သတင်းရယူကြမည့် သတင်းမီဒီယာသမားများ အနေဖြင့် သတင်းရယူနိုင်ရန် နေရာလေးနေရာသတ်မှတ် ပေးထားပါသည်။ 

 ဗိုလ်ရှုခံမဏ္ဍပ်ရှေ့  ဘေးဝဲ၊ယာတွင် နှစ်နေရာနှင့် စစ်ရေးပြစစ်ကြောင်းများနောက်ဘက်တွင် နှစ်နေရာဖြစ်ပါသည်။ အဆိုပါနေရာများ၌ နေရာတစ်ခုစီ တွင် မီဒီယာ ၇ဝ ခန့်သာ ဝင်ဆံ့မည်ဖြစ်ပါသည်။ ဗိုလ်ရှုခံ အခမ်းအနားကျင်းပချိန်သည် ၂ နာရီ ၃ဝ မိနစ်ခန့် ကြာမည်ဖြစ်ပါသည်။  

သတင်းရယူမည့် မီဒီယာများအနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက် ရမည်ဖြစ်ပါသည် -

(၁) မီဒီယာဝင်ခွင့်ကတ်ပြားများကို ၂-၁-၂ဝ၁၅ ရက်နှင့် ၃-၁-၂ဝ၁၅ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန  စုဝေးခန်းမတွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီထိ ထုတ်ပေးမည်ဖြစ်ပါသည်။

(၂) အခမ်းအနားသို့ဝင်ရောက်ရန် လုံခြုံရေးဆပ်ကော်မတီက စိစစ်ချိန် မှစပြီး အခမ်းအနားပြီးဆုံးသည်အထိ မီဒီယာဝင်ခွင့်ကတ်ပြားများကို ချိတ်ဆွဲထားရပါမည်။

(၃) အခမ်းအနားရိုက်ကူးခွင့်ရရှိသည့် မီဒီယာများအနေဖြင့် သတ် မှတ်ထားသည့်  Press Area  တွင် စနစ်တကျ နေရာယူဆောင်ရွက် ရန်နှင့် Press line ကို ကျော်လွန်၍ ရိုက်ကူးခြင်းမပြုရန် ဂရုပြု ဆောင်ရွက်ရပါမည်။

(၄) မိမိသတင်းရယူမည့်နေရာကို မိမိတို့ကိုယ်တိုင် ရွေးချယ်နေရာယူ ရမည်ဖြစ်ပါသည်။ မည်သည့်နေရာမှဝင်ရောက်နေရာယူ၍ သတင်း ရယူမည်ကို ၂-၁-၂ဝ၁၅ ရက်နှင့် ၃-၁-၂ဝ၁၅ ရက် ကတ်ပြား ထုတ်ပေးမည့်နေရာတွင် သတင်းပို့ရန်ဖြစ်ပါသည်။

(၅) နေရာယူပြီးနောက် သတင်းရယူရာနေရာမှ အခြားနေရာသို့ မည်သည့်အကြောင်းပြချက်မျှ ဝင်၊ ထွက်ခြင်း မပြုလုပ်ရပါ။
(၆) ဗိုလ်ရှုခံအခမ်းအနားကျင်းပပြီးစီးသည်အထိ ၄င်းနေရာတွင်သာ ရှိရမည်ဖြစ်ပါသည်။ အခမ်းအနားပြီးစီးမှသာ ပြင်ပသို့ ထွက်ခွင့် ရမည် ဖြစ်ပါသည်။

(၇) နိုင်ငံတော်အခမ်းအနားဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော မသင့်လျော်သည့် ဘောင်းဘီတို၊ တီရှပ်၊ စကပ်တို၊ ဂျင်းဘောင်းဘီ စသည့် ဝတ်စားဆင်ယင်မှုမျိုးကို ရှောင်ကြဉ်ရမည် ဖြစ်ပါသည်။ အမျိုးသားဖြစ်ပါက  အင်္ကျီ၊  ပုဆိုး (သို့မဟုတ်) ဘောင်းဘီရှည် (ဂျင်းဘောင်းဘီမပါ) (သို့မဟုတ်) ဆာဖာရီဝတ်စုံ၊ အမျိုးသမီးဖြစ်ပါက မြန်မာအင်္ကျီ၊ ထဘီ (သို့မဟုတ်) ဘောင်းဘီရှည် (ဂျင်းဘောင်းဘီမပါ) (သို့မဟုတ်) ဆာဖာရီဝတ်စုံ ဝတ်ဆင်နိုင် ပါသည်။

(၈) ဗိုလ်ရှုခံအခမ်းအနားသို့လာရောက်မည့် မီဒီယာသမားများသည် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးသို့ ၄-၁-၂ဝ၁၅ ရက်  နံနက် ၄ နာရီအရောက် မိမိအစီအစဉ်ဖြင့် လာရောက်ရမည်ဖြစ်ပါသည်။ ဝန်ကြီးရုံးရှေ့ဂိတ်ပေါက်ဝတွင် လုံခြုံရေးဆပ်ကော်မတီမှ လိုအပ် သည်များစစ်ဆေးပြီး ဝန်ကြီးဌာနအစီအစဉ်ဖြင့် မော်တော်ယာဉ်များ ဖြင့် ပို့ဆောင်ပေးပါမည်။ အပြန်တွင်လည်း အခမ်းအနားပြီးပါက မိနစ် ၃ဝ အတွင်းစုစည်း၍ နံနက် ၈ နာရီ ၄၅ မိနစ် နောက်ဆုံး ထားပြီး ယာဉ်များဖြင့် ဝန်ကြီးရုံးသို့ ပြန်လည်ပို့ဆောင်ပေးပါမည်။

(၉) သိရှိလိုသည်များရှိပါက ဦးမြင့်ကျော် ညွှန်ကြားရေးမှူး ဖုန်း- ဝ၆၇-၄၁၂ဝဝ၂ နှင့် ဦးမောင်ဖေ ညွှန်ကြားရေးမှူး ဖုန်း- ဝ၆၇-၄၁၂ဝ၂၃ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၁ဝ) လုံခြုံရေးအရ ဆောင်ရွက်ချက်များကို လိုက်နာရမည်ဖြစ်ပြီး သတ်မှတ်ထားသည့်  Press Area  များတွင် တာဝန်ချထားသည့် မီဒီယာဆက်ဆံရေးအရာရှိများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန် ဖြစ်ပါသည်။ 

                                     (သတင်းစဉ်)

No comments:

Post a Comment