Thursday, January 1, 2015

ရထားလမ်းကြံ့ခိုင်ရေးဆောင်ရွက်သည့်ကျောက်ဖြည့်တင်းမီးရထား တွဲချော်

Photo: ရထားလမ်းကြံ့ခိုင်ရေးဆောင်ရွက်သည့်ကျောက်ဖြည့်တင်းမီးရထား တွဲချော်

နန့်စီးအောင်    ဒီဇင်ဘာ    ၃၁

မန္တလေး-မြစ်ကြီးနားမီးရထားလမ်းပိုင်းတွင် မီးရထားလမ်းများ  ကြံ့ခိုင်မှု ရှိစေရန်လမ်းများအား ကျောက်ဖြည့်တင်းသည့်ကျောက်တင်မီးရထားသည် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်စီးအောင်မီးရထားဘူတာအနီးတွင် ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီ ၁၈ မိနစ်က တွဲချော်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးရထားလမ်းချော်မှုကြောင့်တွဲအမှတ်MBH 7094 မှ ဘီးလေးဘီးနှင့်MBH 49027  မှဘီးလေးဘီးတို့သည် မီးရထားမိုင်တိုင်အမှတ်(၆၁၂/၁၁၊၁၂)ကြား၊(၆၁၁/၂၂၊၂၃)ကြားတွင်   သံလမ်းနှင့်ကပ်ကျကာ တွဲချော်ကျမှုဖြစ် ပွားခဲ့ကြောင်းသိရသည်။ အဆိုပါကျောက်တင်ရထား  လမ်းချော်ကျမှုကို နန့်စီးအောင်မီးရထားဘူတာမှ တာဝန်ခံရုံပိုင်ကြီး၊ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်တပ်မတော်သားများနှင့် နန့်စီးအောင်သစ်ထုတ်လုပ်ရေးမှ သစ်တင်ကားများ၏အကူအညီဖြင့် အမြန်ဆုံးဆောင်ရွက်ခဲ့ကြရာ နံနက် ၁၁ နာရီ တွင် ပြီးစီးခဲ့ပြီးလမ်းချော်မှုဖြစ်ပွားခဲ့သည့်  မီရထားတွဲများအား မိုးညှင်း၊ မော်လူး၊ နဘား၊ အင်းတောင်မီးရထားဘူတာ မှလမ်းဗိုလ်ကြီးများနှင့် တာဝန်ရှိသူများက ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း မီရထားလမ်းချော်မှုကြောင့် နန့်စီးအောင်မီးရထားဘူတာတွင် အမှတ် (၃၃)  (အိပ်စင်)ရထားရပ်နားထားခဲ့ကြောင်း သိရသည်။
      
ခင်မောင်ဆွေ(မော်လူး)

No comments:

Post a Comment