Friday, January 30, 2015

ဆိုင်ကယ်တစ်စီးအားစစ်ဆေးရာမှ လုပ်သေနတ်၊ခဲယမ်းများနှင့်ဆိုင်ကယ်လေးစီးဖမ်းမိ

Photo: ဆိုင်ကယ်တစ်စီးအားစစ်ဆေးရာမှ လုပ်သေနတ်၊ခဲယမ်းများနှင့်ဆိုင်ကယ်လေးစီးဖမ်းမိ

တာချီလိတ် ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်    (အရှေ့ပိုင်း)တာချီလိတ်မြို့   ဟွေရဲရွာအနီး ဇန်နဝါရီ ၂၁ ရက် ညနေ ၆ နာရီခွဲက တာချီလိတ်မြို့မရဲစခန်း  နယ်ထိန်းခေါင်းဆောင်   ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်းတပ်ကြပ်  အောင်သိန်းဦး၊ ဒုတပ်ကြပ်ဇော်နိုင်ထွန်းနှင့် မူးယစ် တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ  တပ်ဖွဲ့ ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ် မြို့နယ် ဝမ်လုံးအုပ်စု ဟွေရဲကျေးရွာ အနီးတွင်  ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် တရားခံပြေးကျော်သက်နှင့်ရန်နိုင်တို့သည် နံပါတ်မပါ Honda Wave I  ဖြူ/ နီ ကြား ဆိုင်ကယ်ကို စီးလာစဉ်မသင်္ကာ ၍ ရပ်တန့်စစ်ဆေးရှာဖွေသည်။

၎င်းတို့နှစ်ဦးထံမှ   တစ်လုံးထိုး လုပ်သေနတ်အတို  အနက်ရောင်တစ်လက်၊ ယမ်းကတ်  ၂ဝ ၊ ခဲလုံး ကျည်အကြီး အလုံး ၂ဝ၊  ခဲလုံးကျည် အသေးအလုံး၂ဝ၊ အရှည်ခုနစ်လက်မ ခန့်ရှိ ယမ်းထောင်းတံ တစ်ခု၊ အရိုး အသွား ၁၂ လက်မခန့်ရှိ ဓားမြှောင် တစ်ချောင်း၊ အညိုနှင့် အနက်ရောင်ပါ ဂျိုင်းလွယ်ကြိုးတစ်ခု၊ ယမ်းမှုန့် ထည့်ထားသည့်  ပလတ်စတစ်ဘူး အကြည်တစ်ဘူး၊ ဆိုင်ကယ်ခိုးရာတွင် အသုံးပြုသော  ဆော့ကတ်တစ်ခု၊ ဝိုင်ယာကြိုးတစ်ချောင်း၊ Samsung အဖြူရောင်ဖုန်း တစ်လုံး၊  Nokia  ဖြူ/ပြာရောင်ဖုန်းတစ်လုံး၊အရိုးအသွား ၁၃ လက်မခန့်ရှိ ဓားမြှောင် တစ်ချောင်း၊ Honda    တံဆိပ်ပါ ဆိုင်ကယ်သော့နှစ်ချောင်းတို့ကို တွေ့ရှိသဖြင့်      သက်သေများရှေ့ ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းပြီး ဆိုင်ကယ်ကို    ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့်   တစ်နေရာရာမှ ခိုးယူလာဖွယ်ရှိ၍အမှုစစ် ဒုရဲမှူး ကျော်သန်းနှင့်နယ်ထိန်းအဖွဲ့တို့ စုံစမ်းဖော်ထုတ်ရာ တာချီလိတ်မြို့မှ မိုင်းဆတ်မြို့နယ်  မိုင်းတွမ်မြို့သို့ ခိုးယူသွားသော ဆိုင်ကယ်သုံးစီး စုစုပေါင်းလေးစီးအား ဇန်နဝါရီ ၂၆ ရက် အထိ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

အမှုမှ ဆိုင်ကယ်များ ခိုးယူသွားသော ကျော်သက်(ခ)ထွန်းထွန်း(ခ)သန့်ဇင်ဝင်း(၃၆ နှစ်)   ကျချင်ရွာ ဝမ်ကောင်းရပ်ကွက် တာချီလိတ်မြို့ နေသူနှင့် ရန်နိုင်(၂၂ နှစ်) ဝန်း ကျောက်ရပ်ကွက် တာချီလိတ်မြို့နေသူနှစ်သူအား တာချီလိတ်မြို့မရဲစခန်း ကအရေးယူဆောင်ရွက်ပြီး မော်တော်ဆိုင်ကယ်များကို ပိုင်ရှင်များထံ ပြန် လည်အပ်နှံနိုင်ရေးအတွက် ပိုင်ရှင် များအား စုံစမ်းလျက်ရှိကြောင်း သိရသည်။          

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment