Friday, January 30, 2015

အိန္ဒိယ၌ ၀က်တုပ်ကွေးကြောင့် ၇၅ ဦးသေဆုံး

Photo: အိန္ဒိယ၌ ၀က်တုပ်ကွေးကြောင့် ၇၅ ဦးသေဆုံး
============================

နယူးဒေလီ ဇန်နဝါရီ ၂၉

အိန္ဒိယနိုင်ငံ၌    လွန်ခဲ့သော ခြောက်ပတ်အတွင်း ဝက်တုပ်ကွေး ဖြစ်ပွားမှုကြောင့်   အနည်းဆုံး    လူပေါင်း ၇၅   ဦး သေဆုံးခဲ့ရကြောင်း  တာဝန်ရှိသူများက ပြောသည်။

သေဆုံးသူ     အများစုသည် တီလန်ဂါနာပြည်နယ် တောင်ပိုင်းနှင့် ရာဂျက်စတန်ပြည်နယ်မြောက်ပိုင်းမှ ဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိ သူများက ပြောသည်။

အဆိုပါ ရောဂါဖြစ်ပွားရခြင်း အကြောင်းကို စုံစမ်းစစ်ဆေးနေသော ကျွမ်းကျင်သူများက ရာသီဥတုအေး လာခြင်းကြောင့်  ဖြစ်ရသည်ဟု ထုတ် ဖော်ပြောကြားသည်။  ယင်းရောဂါ ကိုဖြစ်စေသော  H1N1 ဗိုင်းရပ်စ်ကို  ၂ဝဝ၉ ခုနှစ်က  မက္ကဆီကိုနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း သို့  လျင်မြန်စွာ  ပျံ့နှံ့သွားခဲ့သည်။ ယင်းဗိုင်းရပ်စ်ကြောင့်    အိန္ဒိယ တွင်၂ဝဝ၉ ခုနှစ်က ၉၈၁ ဦး၊  ၂ဝ၁ဝ ပြည့်နှစ်တွင်  ၁၇၆၃ ဦး၊  ၂ဝ၁၁ ခုနှစ်တွင် ၇၅ ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄ဝ၅ ဦးနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆၉၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ တစ်ဝန်း လူပေါင်းနှစ်သိန်း သေဆုံး ခဲ့ပြီဖြစ်သည်။   တီလန်ဂါနာနှင့် ရာဂျက်စတန်၌ လူပေါင်း ၅ဝ သေဆုံး ခဲ့ပြီး ဂူဂျာရတ်၌ ၁၅ ဦး သေဆုံးကာ နယူးဒေလီ၌ ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။ နယူးဒေလီအနီး ဟာယာ နားတွင်လည်း  ခုနစ်ဦး  သေဆုံးခဲ့ သည်ဟု ဆိုသည်။ 
       (ဘီဘီစီ)

No comments:

Post a Comment