Friday, January 30, 2015

အီဘိုလာဗိုင်းရပ်စ်သန္ဓေပြောင်းလဲမှု သိပ္ပံပညာရှင်များ သတိပေး

Photo: အီဘိုလာဗိုင်းရပ်စ်သန္ဓေပြောင်းလဲမှု  သိပ္ပံပညာရှင်များ သတိပေး
========================================

ပါရီ  ဇန်နဝါရီ  ၂၉

အီဘိုလာဗိုင်းရပ်စ်သည် သန္ဓေ ပြောင်းလဲနိုင်ကြောင်း  အီဘိုလာကို လေ့လာဆန်းစစ်နေကြသော သိပ္ပံ ပညာရှင်များက ပြောခဲ့သည်။  သန္ဓေ ပြောင်းလဲလာသော     အဆိုပါ ဗိုင်းရပ်စ်သည်  ကူးစက်နိုင်ခြင်း ရှိ မရှိကို  ပြင်သစ်နိုင်ငံ   Institut Pasteur တက္ကသိုလ်မှ   သုတေသန ပညာရှင်များက လေ့လာဆန်းစစ်နေ ကြသည်။

ဂီနီ၊ ဆီရာလီယွန်၊ လိုက်ဘေးရီး ယားနိုင်ငံတို့၌   အီဘိုလာရောဂါ ကြောင့် လူပေါင်း ၈၇၉၅ ဦး သေဆုံး ခဲ့ပြီး ၂၂ဝဝဝ ရောဂါကူးစက်ခံခဲ့ရ ကြောင်း သိရသည်။

သိပ္ပံပညာရှင်များသည်   ဂီနီရှိ အီဘိုလာကူးစက်ခံရသူ လူနာများထံ မှ   သွေးနမူနာရာပေါင်းများစွာကို လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ် လျက်ရှိကြသည်။

၎င်းတို့သည် ဗိုင်းရပ်စ်မည်သို့ မည်ပုံပြောင်းလဲပုံနှင့်  လူတစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင် ခြင်း ရှိ မရှိကို လေ့လာဆန်းစစ်နေ ကြသည်။ 

အချိန်ကာလတစ်ခုအတွင်း ဗိုင်း ရပ်စ်ပြောင်းလဲခြင်းသည် သမားရိုးကျ ဖြစ်စဉ်တစ်ခုမဟုတ်ပေ။ အီဘိုလာ သည် HIV နှင့် တုပ်ကွေးရောဂါကဲ့ သို့ RNA  ဗိုင်းရပ်စ်ဖြစ်ပြီး ၎င်းသည် သန္ဓေပြောင်းလဲမှုနှုန်း မြန်ဆန်သည်။ ထိုသို့ သန္ဓေပြောင်းလဲမှု မြန်ဆန် သောကြောင့်    ၎င်းဗိုင်းရပ်စ်သည် ပိုမိုကူးစက်နိုင်သည့် အလားအလာ ရှိသည်။ 

အီဘိုလာဗိုင်းရပ်စ်သည်    လျင် မြန်စွာ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များ နှင့် သန္ဓေပြောင်းလဲလာနိုင်ပြီး လေ မှတစ်ဆင့်  ပျံ့နှံ့နိုင်သည်။   အဆိုပါ ဗိုင်းရပ်စ်သည်  ရောဂါပိုးကူးစက်ခံ ထားရသည့်သူ ထွက်သောအရည်မှ တစ်ဆင့် ကူးစက်နိုင်သည်။

သိပ္ပံပညာရှင်များသည် အီဘို လာဗိုင်းရပ်စ်၏  မျိုးရိုးဗီဇဖွဲ့စည်းပုံ ပြောင်းလဲမှုများကို လေ့လာရန်မျိုးရိုး ဗီဇနှင့်ဆိုင်သော   အစီအစဉ်ဟု ခေါ်သော နည်းလမ်းတစ်ခုကို အသုံး ပြုနေကြသည်။ ဂီနီမှသွေးနမူနာ ၂ဝ ခန့်ကို   လေ့လာစမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး လာမည့်လအတွင်း အခြားသော နမူနာ ၆ဝဝ ကိုလည်း ဓာတ်ခွဲခန်းသို့ ပေးပို့မည်ဖြစ်သည်။

ဆီရာလီယွန်တွင် ပြုလုပ်ခဲ့သော စမ်းသပ်လေ့လာမှုတစ်ခုတွင်လည်း အီဘိုလာဗိုင်းရပ်စ်သည် စတင်ကူး စက်သည့်အချိန်မှ ၂၄ ရက်အတွင်း သန္ဓေပြောင်းလဲကြောင်း   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးမှ   ပြောကြား ခဲ့သည်။ 

Pasteur  တက္ကသိုလ်မှ သုတေ သနပညာရှင်များက ကာကွယ်ဆေး နှစ်မျိုးကို ထုတ်လုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိပြီး  ယခုနှစ်ကုန်ပိုင်းတွင် လူများကို   ၎င်းဆေးဖြင့်  စတင် စမ်းသပ်ကုသပေးနိုင်မည်ဟု မျှော်လင့် ထားသည်။        
        (ဘီဘီစီ)

No comments:

Post a Comment