Friday, January 30, 2015

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အောင်မြင်ရန်အတွက် အားထုတ်ဆောင်ရွက်သွားမည်

Photo: ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အောင်မြင်ရန်အတွက် အားထုတ်ဆောင်ရွက်သွားမည်
=================================================

နေပြည်တော်   ဇန်နဝါရီ   ၂၉

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း များ  အကောင်အထည်ဖော်ရေးဆိုင်ရာ  မြန်မာပူးတွဲ အဆင့်မြင့်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ကျင်းပမည့် ထားဝယ်အထူးစီးပွားရေးဇုန် နှင့် ဆက်စပ်စီမံကိန်းဧရိယာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယအကြိမ် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက် ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ ရာ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၂၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ခေါင်းဆောင်သော အဖွဲ့ဝင်များအား   ထိုင်းနိုင်ငံဝန်ကြီးချုပ်ရုံး   အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာပိုအာမီတီ ဗီမိုစရီနှင့် တာဝန် ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်း မောင်၊ စစ်သံမှူး ဗိုလ်မှူးချုပ်ချစ်ဆွေ၊ သံရုံးနှင့်စစ်သံရုံး တို့မှဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် ဗန်ကောက်မြို့  Four Seasons Hotel သို့ ရောက်ရှိကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယုဒ်ချန်အိုချာအား မွန်းလွဲ  ၂ နာရီတွင်  ဗန်ကောက်မြို့ရှိ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင်    ဒုတိယသမ္မတနှင့်အတူ  ပြည်ထောင်စုဝန်ကြီး   ဦးအေးမြင့်၊  တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးသန့် ကျော်၊ ဦးမျိုးအောင်၊ ဒေါက်တာ မောင်မောင်သိမ်း၊ ဦးစိုးတင့်၊  ဦးဘုန်းဆွေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်  ဒုတိယဥက္ကဋ္ဌ  ဦးဆက်အောင်နှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဝင်းမောင်တို့ တက်ရောက်ကြ ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ထိုင်းနိုင်ငံ    နိုင်ငံခြားရေးဒုတိယ ဝန်ကြီး၊  ပို့ဆောင်ရေးဒုတိယဝန်ကြီး နှင့်    အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် ဒုတိယသမ္မတ က မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံသည် ရှည်လျားသည့်  သမိုင်းကြောင်းရှိ သော ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့်   အိမ်နီးချင်း နိုင်ငံအနေဖြင့်သာမက ဒေသတွင်း နှင့်   နိုင်ငံတကာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ကုန်သွယ်ရေးသည် နှစ်ဖက် နယ်စပ်ဒေသ ပြည်သူများ၏ လူနေမှု ဘဝကို   တိုးတက်စေမည်ဖြစ်သည့် အတွက်   နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  ဒေသအာဏာ ပိုင်များအကြား ညှိနှိုင်းဆောင်ရွက် သွားစေလိုပါကြောင်း။

ထားဝယ်  အထူးစီးပွားရေးဇုန် နယ်မြေသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့ကို  ကုန်းလမ်းမှ ဆက်သွယ်ပေးမည့်  မဟာမဲခေါင် တောင်ဘက်   စီးပွားရေးစင်္ကြံ၏ အနောက်ဘက်တံခါးပေါက်အဖြစ် တည်ရှိသည့်အတွက် မဟာဗျူဟာကျ သည့်နေရာတွင် ရှိပါကြောင်း။

မဟာမဲခေါင်ဒေသတောင်ဘက် စီးပွားရေးစင်္ကြံသည် ဗီယက်နမ်နိုင်ငံ ဗန်ဒေါင်းမှအစပြု၍    ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့၊   ကမ္ဘောဒီးယား နိုင်ငံမြို့တော် ဖနွမ်းပင်၊ ထိုင်းနိုင်ငံ မြို့တော်   ဗန်ကောက်မှတစ်ဆင့် မြန်မာနိုင်ငံ   ထားဝယ်ဒေသအထိ ရောက်ရှိမည့် စီးပွားရေးစင်္ကြံဖြစ် သည့်အတွက် မိမိတို့နိုင်ငံအားလုံး ကူးလူး ဆက်သွယ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အားထား နိုင်မည့်လမ်းကြောင်း ဖြစ်ပါကြောင်း။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စေရန်   ပူးတွဲ အဆင့်မြင့်ကော်မတီကို ပူးတွဲဥက္ကဋ္ဌ အဖြစ် ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး      စီမံကိန်း အောင်မြင်ရန်အတွက်    အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်တွင် စတင်ခဲ့ သော်လည်း စီမံကိန်းဆိုင်ရာ ဘဏ္ဍာ ငွေ မလုံလောက်မှုကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပါကြောင်း၊ စီမံကိန်း ကြီးအတွက်   ဘဏ္ဍာငွေအကူအညီ ပေးမှုဆိုင်ရာ  အကောင်းဆုံးနည်း လမ်းများကို ထိုင်းနိုင်ငံအစိုးရအနေ ဖြင့်   အဆိုပြုပေးစေလိုပါကြောင်း။

ထားဝယ် အထူးစီးပွားရေးဇုန် တွင်  ဂျပန်နိုင်ငံပါဝင်ရင်းနှီးမြှုပ်နှံ ရေးနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် ၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့်တွေ့ဆုံ ခဲ့ရာတွင်   ဝန်ကြီးချုပ်အနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံ  ပါဝင်ရင်းနှီးမြှုပ်နှံရေး အတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရ သည့်အတွက် ကြိုဆိုပါကြောင်း၊ ကမ္ဘောဒီးယားနယ်စပ်မှ   မြန်မာ နယ်စပ်အထိ ဂျပန်-ထိုင်းပူးတွဲဖောက် လုပ်မည့်ရထားလမ်း    ကွန်ရက်စီမံ ကိန်း၏ အဆက်အဖြစ်  ထားဝယ် အထိဖောက်လုပ်နိုင်မည့် ဖြစ်နိုင်ခြေနှင့်အလားအလာများကိုလည်း ဂျပန် နိုင်ငံနှင့်    ဆွေးနွေးသွားစေလိုပါ ကြောင်း။

မူးယစ်ဆေးဝါး  တားဆီးတိုက် ဖျက်ရေးနှင့်ပတ်သက်ပြီး  နယ်စပ် တစ်လျှောက်  မကြာခင်က မူးယစ် ဆေးဝါးတရားခံများ ဖမ်းဆီးရရှိမှု သည် မြန်မာနိုင်ငံနှင့်   ထိုင်းနိုင်ငံ တို့၏ နှစ်ဖက်တာဝန်ရှိသူများအကြား မူးယစ်ဆေးဝါး၊   စိတ်ကြွဆေးပြား များနှင့် မူးယစ်ဆေးဝါးဆိုင်ရာပြစ်မှု များ    တားဆီးတိုက်ဖျက်ရေး၏ အောင်မြင်မှုများကို  ဖော်ပြနေခြင်း ဖြစ်ပါကြောင်း။

ထိုင်းနိုင်ငံတွင်ရှိသည့်  မြန်မာ ရွှေ့ပြောင်း   အလုပ်သမားများနှင့် ပတ်သက်ပြီး   နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်များတွင် အကူအညီပေး မှုနှင့်နီးကပ်သည့်   ပူးပေါင်းဆောင် ရွက်မှုများအတွက်   ထိုင်းနိုင်ငံ အစိုးရနှင့်တာဝန်ရှိသူများကို ကျေးဇူး တင်ရှိပါကြောင်း။

အဆိုပါ   မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာ ရေး၊ လူမှုရေးနှင့် လုံခြုံရေးအာမခံ ချက်များရရှိစေရန်    ထိုင်းလုပ်ငန်း ရှင်များကို    တိုက်တွန်းပေးစေလိုပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ပျိုးရေးနှင့်   ရေထွက်ပစ္စည်း များ  ထုတ်လုပ်ရောင်းဝယ်ရေးကဏ္ဍ ပူးပေါင်းဆာင်ရွက်ရေး၊ ၂ဝ၁၆ ခုနှစ် ကို ထိုင်းနိုင်ငံရိုးရာ   ခရီးသွားနှစ် အဖြစ် သတ်မှတ်ထားသည့်အတွက် မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ ခရီးသွား ကဏ္ဍကိုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် မြန်မာနိုင်ငံရှိ  အထူးဇုန် များတွင်   ထိုင်းနိုင်ငံမှစီးပွားရေး လုပ်ငန်းရှင်များကို     လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေး၊ သောင်ရင်းမြစ် မြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန် ရေထိန်းနံရံများ  တည်ဆောက်နိုင်ရန်အတွက်နှစ်နိုင်ငံ  ညှိနှိုင်းဆောင် ရွက်ရေး၊   နယ်စပ်ဒေသဖြစ်သည့် မြဝတီ-မဲဆောက်   ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက် ရေးအတွက် ငွေကြေးကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်   စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင်   ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမြတ်ကိုနှင့်    ဒုတိယ ဝန်ကြီးများသည်  ဗန်ကောက်မြို့ Four  Seasons  Hotel  တွင် ပြုလုပ် သည့် မြန်မာ-ထိုင်း ပူးတွဲအဆင့်မြင့် ကော်မတီ    အကြိညှိနှိုင်းအစည်း အဝေးသို့   တက်ရောက်ကြသည်။
 
အစည်းအဝေးတွင်  ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံ ကိန်းများအကြို ကနဦးစီမံကိန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ ပင်မ စီမံကိန်း အကောင်အထည်ဖော်ရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသို့ ဂျပန်နိုင်ငံမှ  ပါဝင်လာ နိုင်မှုအခြေအနေနှင့် ထားဝယ်အထူး စီးပွားရေးဇုန် ပင်မစီမံချက် (Master Plan)  ရေးဆွဲနေမှုအခြေအနေများ အား ဆွေးနွေးခဲ့ကြသည်။

ဒုတိယသမ္မတနှင့်  အဖွဲ့သည် ညပိုင်းတွင် ဗန်ကောက်မြို့ရှိ  ထိုင်း နိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး နေအိမ်သို့ရောက်ရှိပြီး သံအမတ်ကြီး၊  စစ်သံမှူးနှင့်   သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်   မိသားစုဝင်များ အား တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

                  (သတင်းစဉ်)

No comments:

Post a Comment