Saturday, January 31, 2015

တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု သုံးသပ်ဆွေးနွေး

 
 
 Photo: တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု သုံးသပ်ဆွေးနွေး

မန္တလေး၊ ဇန်နဝါရီ ၃ဝ

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုတတိယလှိုင်းနှင့် တာဝန်ခံ၊ တာဝန်ယူ
မှုစနစ်အပေါ် သုံးသပ်ဆွေးနွေးပွဲကိုဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှ ၁၁
နာရီအထိ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ မန္တလေးတိုင်းဒေသ
ကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး    လျှပ်စစ်နှင့် စက်မှုလက်မှု
ဝန်ကြီးဦးကျော်မြင့်က     အဖွင့်အမှာစကားပြောကြားပြီး၊ နိုင်ငံတော်
သမ္မတ၏ စီးပွားရေးအကြံပေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က နိုင်ငံ
တော်၏    ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူ
မှုစနစ်အပေါ် ဝန်းထမ်းများ ပြောင်းလဲရမည့် စိတ်ပိုင်းဆိုင်ရာခံယူချက်များ၊ ပြည်သူဗဟိုပြု ဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုများ၊ အစိုးရဌာနဆိုင်ရာနှင့်ပုဂ္ဂလိကလုပ်ငန်းများ ဟန်ချက်ညီစွာ 
ဒီမိုကရေစီစနစ်နှင့်အညီ လိုက်ပါပြောင်းလဲရမည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်း
တစ်ဦးချင်း၊ အစုအဖွဲ့လိုက် တာဝန်ခံမှု၊တာဝန်ယူမှုလုပ်ငန်းများကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။ 

ယင်းနောက်တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးခြင်းများအား ဒေါက်တာအောင်ထွန်းသက်က  ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့   မန္တလေးခရိုင် အတွင်းရှိ  ဝန်ကြီးဌာန အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူ များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်
ရောက်သည်။    

  မောင်ပြည်သူ(မန္တလေး)
 
မန္တလေး၊ ဇန်နဝါရီ ၃ဝ

နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုတတိယလှိုင်းနှင့် တာဝန်ခံ၊ တာဝန်ယူ မှုစနစ်အပေါ် သုံးသပ်ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၆ လမ်းရှိ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုစနစ်အပေါ် ဝန်းထမ်းများ ပြောင်းလဲရမည့် စိတ်ပိုင်းဆိုင်ရာခံယူ ချက်များ၊ ပြည်သူဗဟိုပြု ဆောင်ရွက်ပေးရမည့်ဝန်ဆောင်မှုများ၊ အစိုးရဌာနဆိုင်ရာနှင့်ပုဂ္ဂလိကလုပ်ငန်းများ ဟန်ချက်ညီစွာ ဒီမိုကရေစီစနစ်နှင့်အညီ လိုက်ပါပြောင်းလဲရမည့် လုပ်ငန်းစဉ်များ၊ ဝန်ထမ်း
တစ်ဦးချင်း၊ အစုအဖွဲ့လိုက် တာဝန်ခံမှု၊တာဝန်ယူမှုလုပ်ငန်းများကို ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက်တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးခြင်းများအား ဒေါက်တာအောင်ထွန်းသက်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ မန္တလေးခရိုင် အတွင်းရှိ ဝန်ကြီးဌာန အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူ များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများ တက်ရောက်သည်။

မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment