Saturday, January 31, 2015

ကီရာနိုက်တလေက သူရဲ့နာမည်စာလုံးပေါင်းက အမှားကြီးပါလို့ဝန်ခံ

Photo: ကီရာနိုက်တလေက သူရဲ့နာမည်စာလုံးပေါင်းက အမှားကြီးပါလို့ဝန်ခံ

ကီရာက သူ့ကို   မွေးဖွားတုန်းက မွေးစာရင်းမှတ်ပုံတင်မှာ အမည်ဖြည့် သွင်းတဲ့အခါ မိခင်ဖြစ်သူက "I" နှင့် "E" ကို ရှေ့နောက်မှားဖြည့်မိတာ ကြောင့် နာမည်စာလုံးပေါင်းဟာ "Keira"(ကီရာ) ဖြစ်လာခဲ့ရတယ်လို့ ELLE UK နှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့ပါတယ်။   

သတင်းစာဆရာတွေ၊ စာရေးဆရာ တွေက သူရဲ့အကြောင်းကို ရေးသားကြတဲ့အခါ "Kiera" လို့ မှားပြီး ခဏ ခဏရိုက်မိကြတဲ့အတွက် ကီရာနိုက် တလေရဲ့နာမည်မှာ"Keira"လို့ ပေါင်း တယ်ဆိုပြီး ပြန်ပြင်ရတာကြောင့် အဲဒီ အကြောင်းနဲ့ပတ်သက်ပြီး မင်းသမီးကို မေးမြန်းခဲ့တဲ့အခါ ''တကယ်က ကျွန်မ ရဲ့နာမည် အရင်းကိုလည်း  ကီရာ (Kiera) လို့ပဲ စာလုံးပေါင်းမှာပါ။တစ်နေ့မှာ ဖေဖေ က ရုရှားရေခဲပြင် စကိတ်မယ်ကို  ရုပ်မြင်သံကြားအစီ အစဉ်က ကြည့်ရှုရင်းနဲ့ သဘောကျ တာကြောင့် ကျွန်မကိုမွေးတဲ့အချိန်မှာ  သူ့ရဲ့နာမည်ကိုယူပြီး  ကီရာ (Kiera) ကိုယူပြီး ကျွန်မကိုမှည့်ခဲ့တာပါ။ ဒါပေ မယ့် မေမေက မွေးစာရင်းမှတ်ပုံတင် တဲ့အခါမှာ မတော်တဆပဲ "IE" ဆိုတဲ့ နေရာမှာ "EI"  လို့မှားဖြည့်ခဲ့မိတော့ ကျွန်မရဲ့နာမည်က Keira  ကီရာဆိုတဲ့    စာလုံးပေါင်းနဲ့သာ အတည်ဖြစ်လာခဲ့ ပါတယ်။ မေမေက စာလုံးပေါင်းတွေ    ခဏခဏမှားတတ်တဲ့ သူတစ်ယောက် ဖြစ်တော့လေ''ဟု    ရှင်းပြသွား ခဲ့ပါတယ်။ 

သို့သော်သူ့ရဲ့ဖခင်က   သူ့မိခင် ပြန်ရောက်ရောက်ခြင်း မွေးစာရင်း မှတ်ပုံတင်ကို    ကြည့်တဲ့အခါ ချက်ချင်းသတိပြုမိခဲ့ပြီး သွားရောက် ပြန်ပြင်ခဲ့ပေမယ့်လည်း အဆင်မပြေ ခဲ့တာကြောင့်   စာလုံးပေါင်းအမှား အတိုင်းသာရှိနေခဲ့တာပါလို့ ပြောကြား ခဲ့ပါတယ်။ နောက်အနှစ် ၂ဝကြာတော့ အဲဒီစာလုံးပေါင်း    အမှားအမည်နဲ့ ကလေးငယ်က အင်မတန်ကျော်ကြား လာတဲ့ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါ တယ်။
 
No comments:

Post a Comment