Friday, January 2, 2015

စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၃)၊ (၅)၊ (၆) တိုင်ကြားစာပါ စွန့်လွတ်မြေများကို မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးအပ်

Photo: စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၃)၊ (၅)၊ (၆) တိုင်ကြားစာပါ စွန့်လွတ်မြေများကို မူလပိုင်ရှင်များထံသို့ လွှဲပြောင်းပေးအပ်
==========================================

မန္တလေး  ဇန်နဝါရီ   ၁

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်     တံတားဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး    အစည်းအဝေး ခန်းမ၌  ဇန်နဝါရီ ၁ ရက်  နံနက် ၁ဝ နာရီက စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း  (၃)၊ (၅)၊ (၆) တိုင်ကြားစာပါ    စွန့်လွှတ်မြေများ ကို  မူလပိုင်ရှင်များထံသို့ ပြန်လည် လွှဲပြောင်းပေးအပ်သည့်     အခမ်း အနားကို ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး   မြေအသုံးချမှုစီမံခန့်ခွဲ ရေးကော်မတီ အတွင်းရေးမှူး တိုင်း ဒေသကြီး   မြေစာရင်းဦးစီးဌာနမှူး ဦးသန်းထွဋ်က   အမှာစကားပြော ကြားရာတွင်   ယခင်ကအကြောင်း အမျိုးမျိုးကြောင့်   သိမ်းဆည်းခဲ့ပြီး မူလရည်ရွယ်ချက်အတိုင်း  အကောင် အထည်ဖော် မဆောင်ရွက်နိုင်သော နေရာများကို  ပြန်လည်စွန့်လွှတ်ရာ တွင်  ယခင်က    အသုံးချခွင့်ရှိခဲ့ ကြောင်း   စာရွက်စာတမ်းသက်သေခံ အထောက်အထား  ခိုင်လုံစွာပြနိုင် သူများနှင့်  သက်သေခံအထောက် အထားမပြနိုင်သော်လည်း အများက ကြည်ညိုလေးစားသည့်  ရပ်မိရပ်ဖ များ၏  ထွက်ဆိုထောက်ခံချက်များ ဖြင့်  အသုံးချပိုင်ဆိုင်ခွင့်ရှိကြောင်း ပြသနိုင်ပါက   ယာယီလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းဟု သတ် မှတ်ကာလအတွင်း အပြီးဆောင်ရွက် ၍     မူလပိုင်ရှင်တောင်သူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းဖြစ် ကြောင်း၊ ထို့အပြင် တံတားဦးမြို့နယ် အနေဖြင့် ပထမအကြိမ်တွင် ကျေးရွာ အုပ်စု(၅)အုပ်စုရှိ မြေဧက ၅၉၁၉ ဒသမ ၆၃ ဧက၊ ဒုတိယအကြိမ်တွင် တောင်သူပေါင်း ၄၃ ဦး ဧကပေါင်း ၉၁၉ ဒသမ ၄ ဧက၊   တတိယ အကြိမ်တွင် ၂၃၇ ဒသမ ၆၈ ဧက တို့ကိုလည်း     လွှဲပြောင်းပေးအပ်ခဲ့ပါ ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မြေ အသုံးချမှုစီမံခန့်ခွဲရေး   ကော်မတီ အတွင်းရေးမှူး     ဦးသန်းထွဋ်၊ ကျောက်ဆည်ခရိုင်     မြေအသုံးချ မှု    စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်ခင်သန္တာ၊  မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအောင်သူတို့က မူလပိုင်ရှင် တောင်သူများထံသို့   လွှဲပြောင်းပေး အပ်ကြသည်။    အဆိုပါတံတားဦး မြို့နယ်အတွင်း စုံစမ်းရေးကော်မရှင် အစီရင်ခံစာ အပိုင်း(၃)၊ (၅)၊ (၆)၊ တိုင်ကြားစာပါ   ပြန်လည်စွန့်လွှတ် သည့် မြေယာများတွင် အစီရင်ခံစာ အပိုင်း(၃)မှ တံတားဦးအပြည်ပြည် ဆိုင်ရာ လေဆိပ်စွန့်လွှတ်မြေ  ၉ဝ၅၅ ဧကအနက်မှ ပေးရန်ကျန်ရှိနေသော စိုက်ပျိုးမြေ ၁၄ဝ ဒသမ ၂၉ ဧကနှင့် စိုက်ပျိုးခြင်းမပြုနိုင်သော မြေ ၁၈၃၈ ဧက စုစုပေါင်း ၁၉၇၈ ဒသမ ၂၉ ဧကကိုလည်းကောင်း၊ အစီရင်ခံစာ အပိုင်း (၅)တွင် စည်ပင်သာယာရေး ဌာနမှ စွန့်လွှတ်မြေ ၉ ဒသမ ၄ ဧကနှင့် အစီရင်ခံစာ အပိုင်း(၆)တွင် ပြူကန်ကျေးရွာ    ပြည်သူ့ကောင်စီမှ စွန့်လွှတ်မြေ ၂ ဒသမ ၁၁ ဧကကို လည်းကောင်း အသီးသီးမူလပိုင်ရှင် များထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။    တင်မောင်(မန္တလေး)

No comments:

Post a Comment