Friday, January 2, 2015

ရှန်ဟိုင်းနှစ်သစ်ကူးကာလအတွင်း လူပိ၍ ၃၅ ဦးသေဆုံး

Photo: ရှန်ဟိုင်းနှစ်သစ်ကူးကာလအတွင်း လူပိ၍ ၃၅ ဦးသေဆုံး

ပေကျင်း  ဇန်နဝါရီ  ၁

တရုတ်နိုင်ငံ  ရှန်ဟိုင်းမြို့၌  နှစ်သစ်ကူးကာလအတွင်း လူပိ၍ ၃၅ ဦး သေဆုံးပြီး  ၄၂  ဦး  ဒဏ်ရာရရှိသွားခဲ့ကြောင်း   တရုတ်နိုင်ငံပိုင် သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ 

အဆိုပါ မတော်တဆမှုများသည် ၂ဝ၁၅ ခုနှစ် နှစ်သစ်ကူးကို စောင့်ကြည့်ရန် ထောင်ပေါင်းများစွာသော  ပြည်သူများ  လာရောက်စုရုံးခဲ့ကြသည့် ဟွန်ပူးမြစ်ပေါ်ရှိ ရှန်ဟိုင်းမြို့ ချန်ရီရင်ပြင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ     မီဒီယာများက လူအချင်းချင်းတက်နင်းခြင်း    မရှိအောင်  သတိပေးမှုများ  ပြုလုပ်ခဲ့သည်။ ရှန်ဟိုင်းအစိုးရက အဆိုပါ အခြေအနေကို    စတင်ကိုင်တွယ်သွားရန် ကြေညာချက်ထုတ်ပြန်လိုက်သည်။ 

အဆောက်အအုံတစ်ခု၏ တတိယထပ်မှ ဒေါ်လာနှင့်တူသော ကူပွန်များလွင့်ကျလာစဉ်  အဆိုပါ လူအချင်းချင်းတက်နင်းမှုပြဿနာကြီး  စတင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

သို့ရာတွင်      ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းကို  စုံစမ်းလျက်ရှိသည်။  
           
(ဘီဘီစီ)
 
No comments:

Post a Comment