Friday, January 2, 2015

နိုင်ငံတကာရာဇ၀တ်တရားရုံးအဖွဲ့သို့ ၀င်ရောက်ရန် ပါလက်စတိုင် လက်မှတ်ရေးထိုး

Photo: နိုင်ငံတကာရာဇ၀တ်တရားရုံးအဖွဲ့သို့ ၀င်ရောက်ရန် ပါလက်စတိုင် လက်မှတ်ရေးထိုး

ရာမာလာ  ဇန်နဝါရီ  ၁

ပါလက်စတိုင်းသမ္မတ   မာမွတ်အဘတ်စ်က  အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး(အိုင်စီစီ)သို့ ဝင်ရောက်ရန် ရာမာလာမြို့အစည်းအဝေး၌ လက်မှတ်ရေးထိုးလိုက်သည်။ အဖွဲ့ဝင်များက အစ္စရေးကို စစ်ရာဇဝတ်မှုများဖြင့်  တရားစွဲဆိုရန် မျှော်လင့်ထားသည်။   ယင်းကဲ့သို့ လုပ်ဆောင်ခြင်းအပေါ်   အစ္စရေးဝန်ကြီးချုပ်က   ချက်ချင်းဆိုသလို ရှုတ်ချခဲ့သည်။ 

ပါလက်စတိုင်း      နယ်မြေများ အစ္စရေးတို့  သိမ်းပိုက်မှုကို ၂ဝ၁၇ ခုနှစ်တွင် အဆုံးသတ်ရေး မဲခွဲဆုံးဖြတ်တောင်းဆိုခဲ့ခြင်းအပေါ်   လုံခြုံရေးကောင်စီက  ပယ်ချလိုက်ပြီးနောက် အဆိုပါဖြစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီအဖွဲ့ဝင်  ၁၅ နိုင်ငံအနက်  ရှစ်နိုင်ငံက  အဆိုပါဆုံးဖြတ်ချက်ကို  ထောက်ခံမဲပေးခဲ့သော်လည်း    အမေရိကန်နှင့်   သြစတြေးလျတို့က     ကန့်ကွက်မဲပေးခဲ့သည်။   မစ္စတာအဘတ်စ်က နိုင်ငံတကာသဘောတူ ညီချက်၂ဝ ခန့်ပါရှိသော နိုင်ငံတကာတရားရုံး တည်ထောင်မှု  စာချုပ်ပေါ်ကို အနောက်ဘက်ကမ်းဒေသရာမာလာ မြို့၌     လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။       

 (ဘီဘီစီ)
 
No comments:

Post a Comment