Saturday, January 31, 2015

နိုင်ငံတော်သမ္မတ၏ ထူးခြားပြောင်မြောက်စွာ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့မှုကြောင့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခြင်းဖြစ်

 Photo: နိုင်ငံတော်သမ္မတ၏ ထူးခြားပြောင်မြောက်စွာ ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့မှုကြောင့်
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခြင်းဖြစ်

နေပြည်တော်     ဇန်နဝါရီ      ၃ဝ

ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်အမျိုးသားတက္ကသိုလ်က တွေးခေါ်မြော်မြင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ယနေ့ညနေပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်သမ္မတသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်း ရေးအတွက် ပြုပြင်ပြောင်းလဲလိုစိတ်၊  ပွင့်လင်းမှုဖြင့် ဆောင်ရွက်ခဲ့မှုတို့နှင့်အတူ  ထူးခြားပြောင်မြောက်စွာ ဦးဆောင်ဦးရွက်ပြုခဲ့မှုကို ပြသနိုင်ခဲ့သည့် သမ္မတတစ်ဦး ဖြစ်သည်။ နိုင်ငံတော်သမ္မတ၏  ဆန်းသစ်ပြောင်းလဲမှု များသည် ပြည်တွင်း၌သာမက ကမ္ဘာ့အသိုင်းအဝိုင်း၌ပါ ထင်ရှားခဲ့ခြင်းကြောင့်  ၂ဝ၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် တိုင်းမ်မဂ္ဂဇင်း၏   သြဇာတိက္ကမအရှိဆုံးပုဂ္ဂိုလ်(၁ဝဝ)စာရင်းတွင် ရွေးချယ်ဖော်ပြခြင်းခံခဲ့ရသည်။

ထို့ပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊  လျှပ်စစ်မီးမလုံလောက်မှု၊  လမ်းပန်း ဆက်သွယ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ကြားဖြတ် ရွေးကောက်ပွဲကျင်းပပေးနိုင်ခြင်း၊  လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်း၊ အပစ်အခတ်ရပ်စဲရေးအတွက်  ဆောင်ရွက် ခြင်းတို့ကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်။

အလားတူ နိုင်ငံတော်သမ္မတအနေဖြင့်  အမေရိကန် ပြည်ထောင်စု၊   ဥရောပသမဂ္ဂတို့နှင့်  ဆက်ဆံရေးကို ကောင်းမွန်အောင်ပြန်လည်ထူထောင်ကာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသည့် နိုင်ငံတကာပိတ်ဆို့မှုများကို ပယ်ဖျက်စေနိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် ယခု ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း ဘူဆန်အမျိုးသားတက္ကသိုလ်ဥက္ကဋ္ဌ မစ္စတာ ကီဆီအိုကင်မ် ၏ပြောကြားချက်အရ သိရသည်။    

(ဝဝ၉)
 
No comments:

Post a Comment