Saturday, January 3, 2015

နျူကလီးယားတည်ရှိမှုဆိုင်ရာစာရင်း အိန္ဒိယနှင့် ပါကစ္စတန် အပြန်အလှန်ဖလှယ်



 


 

နယူးဒေလီ ဇန်နဝါရီ ၂

 
အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် နှစ်နိုင်ငံရှိ နျူကလီးယားဆိုင်ရာ စခန်းများ၊ စက်ရုံများ တည်ရှိမှုနှင့်သက်ဆိုင် နေသောစာရင်းကို ဇန်နဝါရီ ၁ ရက်တွင် အပြန်အလှန် ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

နျူကလီးယားစခန်းများနှင့် စက်ရုံများ တည်ရှိမှုဆိုင်ရာစာရင်းဖလှယ်မှုကို အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ နှင့် ပါကစ္စတန် နိုင်ငံမြို့တော် အစ္စလာမ္မာဘတ်တို့တွင် သံတမန်ရေးနည်းလမ်းအရ တစ်ချိန်တည်း ပြုလုပ်ခဲ့ကြ ကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ရရှိခဲ့သော နှစ်နိုင်ငံသဘောတူညီချက်အရ နျူကလီးယားဆိုင်ရာ စခန်းများနှင့် စက်ရုံများ တည်ရှိမှုနှင့်ပတ်သက်၍ အပြန်အလှန် သတင်းအချက်အလက်များ ဖလှယ်ခြင်းဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က အိန္ဒိယနှင့် ပါကစ္စတန်ရရှိခဲ့သည့် သဘောတူစာချုပ်အရ နျူကလီးယားဆိုင်ရာ စခန်းများနှင့်စက်ရုံများ တည်ရှိမှုစာရင်းကို နှစ်စဉ် အပြန်အလှန် ဖလှယ်ကြရသည်။

နျူကလီးယား လက်နက်ပိုင်ဆိုင်သော အိန္ဒိယနှင့် ပါကစ္စတန်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝ ကာလအတွင်း ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသအရေးနှင့် ပတ်သက်၍ စစ်ပွဲသုံးကြိမ် ဆင်နွှဲခဲ့ကြဖူးသည်။ 

ဆင်ဟွာ။

No comments:

Post a Comment