Saturday, January 3, 2015

ကမ္ဘောဒီးယားမင်းသား တော်ဝင်ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူမည်



 



ဖနွမ်းပင် ဇန်နဝါရီ ၂ 


ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မင်းသား နိုရိုဒွန်ရာနာရစ်သည် အာဏာသိမ်းမှုတစ်ခုကြောင့် ရာထူးမှ ထုတ်ပယ်ခံခဲ့ရကာ နိုင်ငံရေးပါတီမှ နုတ်ထွက်သွားပြီးနောက် ယခုအခါ နိုင်ငံရေးလောကသို့ တစ်ကျော့ပြန်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ 

သက်တော် (၇၁)နှစ်ရှိပြီဖြစ်သည့် မင်းသား နိုရိုဒွန် ရာနာရစ်က မိမိအနေဖြင့် ဘုရင့်ဘက်တော်သား တော်ဝင် ပါတီတစ်ခုဖြစ်သည့် ဖန်ဆင်ပတ်ပါတီမှ ဥက္ကဋ္ဌနေရာတွင် ပြန်လည်တာဝန်ထမ်းဆောင်ရန် ဖိတ်ကြားချက်ကို လက်ခံရရှိထားပြီးဖြစ်ကြောင်း အေပီသတင်းဌာနသို့ပြော ကြားခဲ့သည်။ ယင်းပါတီသည် ၂ဝဝ၆ ခုနှစ်က ရာနာရစ်ကို ထုတ်ပယ်ခဲ့သည့် ပါတီဖြစ်သည်။
 

ရာနာရစ်သည် ကွယ်လွန်သူ ဘုရင်နိုရိုဒွန်သီဟာနု၏ သားတစ်ဦးဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် ကုလသမဂ္ဂကကမ ကထပြုကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းဦးဆောင်သည့် ဖန်ဆင်ပတ်ပါတီ က အနိုင်ရရှိခဲ့သည်။ သို့သော် တွဲဖက်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့သည့် ပြိုင်ဘက်ပါတီ ဖြစ်သော ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌ ဟွန်ဆန်က ရာနာရစ်၏နေရာကို ဆက်ခံခဲ့သည်။ ဟွန်ဆန်က ၁၉၉၇ ခုနှစ်တွင် ရာနာရစ်ကို ဆန့်ကျင် အာဏာသိမ်းခဲ့သည်။

ရာနာရစ်နှင့် ဟွန်ဆန်တို့၏ ပြင်းပြင်းထန်ထန် သဘောကွဲလွဲမှုများကို ၂ဝ၁၈ အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်မြင်တွေ့ရဖွယ်ရှိနေသည်။ 

အေပီ။

No comments:

Post a Comment