Saturday, January 3, 2015

တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ၊ ဗုဒ္ဓကမ္မဋ္ဌာန်းအားထုတ်ခြင်းနှင့် စိတ္တဗေဒအားဖြင့် ဝေဒနာကိုကျော်လွှားဖြေရှင်းနည်း (ဝေဒနာနုပဿနာ)ဖွင့်ပွဲကျင်းပ



 






ရန်ကုန် ဇန်နဝါရီ ၂

 
သာသနာရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာ ပြုတက္ကသိုလ်မှ ကြီးမှူးကျင်းပသော တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ၊ ဗုဒ္ဓကမ္မဋ္ဌာန်း အားထုတ်ခြင်းနှင့်စိတ္တဗေဒအားဖြင့် ဝေဒနာကို ကျော်လွှားဖြေရှင်းနည်း (ဝေဒနာနုပဿနာ) ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ကျင်းပသည်။


အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသနှင့်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသတို့က အဖွင့်အမှာစကားမြွက်ကြားတော်မူသည်။
ထို့နောက်သာသနာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။

 
ဆက်လက်၍ တက်ရောက်လာကြသည့် သြစတြေးလျ၊ ထိုင်း၊နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနိုင်ငံတို့မှ ဆရာတော်ကြီးများက ဝေဒနာနုပဿနာ နှင့်ပတ်သက်သည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေး နွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲကို ဇန်နဝါရီ ၃ ရက်အထိကျင်းပသွား မည်ဖြစ်ကြောင်းသိရသည်။ ယင်းဆွေးနွေးပွဲကို ၂ဝ၁၃ ခုနှစ်မှ စတင်ကာ တစ်နှစ်တစ်ကြိမ် ကျင်းပဆွေးနွေး ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။


ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ မဟာဌာနမှူးဆရာတော်ကြီးများ၊ သြစတြေးလျ၊ ထိုင်း၊ နီပေါ၊ အိန္ဒိယသီရိလင်္ကာနိုင်ငံတို့မှ ဆရာတော်ကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment