Saturday, January 31, 2015

မော်လမြိုင်ကျွန်း၌ ယာဉ်စည်းကမ်၊ လမ်းစည်းကမ်း စစ်ဆေးပညာပေး

Photo: မော်လမြိုင်ကျွန်း၌ ယာဉ်စည်းကမ်၊ လမ်းစည်းကမ်း စစ်ဆေးပညာပေး
==========================================

မော်လမြိုင်  ဇန်နဝါရီ  ၃ဝ

မော်လမြိုင်ကျွန်းမြို့နယ်  ယာဉ်စည်းကမ်း ကြီးကြပ်ထိန်းသိမ်းရေးကော်မတီမှ မော်လမြိုင် ကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရေး၊ ယာဉ်အန္တရာယ်ကင်းဝေး စေရေးအတွက် ယာဉ်စစ်ဆေးခြင်းနှင့် ပညာ ပေးရေးလုပ်ငန်းကို ဇန်နဝါရီ ၂၉ ရက်က တပင် ရွှေထီးတံတားထိပ်လမ်းဆုံ၊  တပင်ရွှေထီးလမ်း ဆုံစည်းရာကွေ့လမ်းဆုံနှင့်  မြို့မ ၁၁ လမ်းထိပ် လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ   ယာဉ်များစစ်ဆေးပညာပေးခြင်းကို ဇန်နဝါရီ ၂၉  ရက်နှင့် ၃ဝ  ရက်တို့တွင်  ဆောင် ရွက်ပြီးနောက်  ဖေဖော်ဝါရီ ၂ ရက်မှစတင်၍  ယာဉ်များကို စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း သိရသည်။
မော်ကျွန်းမြင့်အောင်
 
No comments:

Post a Comment