Saturday, January 31, 2015

အေးမြစိုးဖောင်ဒေးရှင်းမှ အခမဲ့မျက်စိခွဲစိတ်ကုသပေး

Photo: အေးမြစိုးဖောင်ဒေးရှင်းမှ အခမဲ့မျက်စိခွဲစိတ်ကုသပေး
================================

ကန့်ဘလူ ဇန်နဝါရီ ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး   ကန့် ဘလူမြို့တွင် အေးမြစိုးဖောင်ဒေးရှင်း မှ လှူဒါန်းသည့် အခမဲ့မျက်စိခွဲစိတ် ကုသပေးပွဲကို ဇန်နဝါရီ ၂၈ ရက်က စတင်၍   အမှတ်(၃)ရပ်ကွက် ညောင်အိုင်အထက(ခွဲ)  ဒေါက်တာ Óဏဝရခန်းမ၌   မျက်စိအထူးကု ဆရာဝန်ကြီးများနှင့်  မျက်မှန်ကျွမ်း ကျင်ပညာရှင်များက မျက်စိဝေဒနာ ရှင် ၁၃၂ ဦးကို စမ်းသပ်စစ်ဆေး၍ မျက်မှန်၊ မျက်စဉ်းနှင့် ဆေးဝါးများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ခွဲစိတ်ရန် လိုအပ်သော ဝေဒနာ ရှင်များကို ဇန်နဝါရီ ၂၉ ရက်တွင် မြို့နယ်ခုတင် ၁ဝဝ ပြည်သူ့ဆေးရုံ၌ အသေးစားနှင့်   အကြီးစားခွဲစိတ် ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ   အခမဲ့မျက်စိခွဲစိတ် ကုသပေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးလွင် ကြီးကြပ် မှုဖြင့်       မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ထွေ/အုပ်  ဒုတိယဦးစီးမှူး များနှင့်  စာရေးဝန်ထမ်းများ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊    မြို့နယ်ခုတင် ၁ဝဝ ဆေးရုံအုပ်ဒေါက်တာ မေစန်းချို နှင့် ဆရာ ဆရာမများက ဝိုင်းဝန်း ကူညီ   ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ခင်ဦးမြို့နယ်၊ ကောလင်း မြို့နယ်၊ ဝန်းသိုမြို့နယ်၊   ကျွန်းလှ မြို့နယ်နှင့် တန့်ဆည်မြို့နယ်များမှ   မျက်စိဝေဒနာရှင်များ   လာရောက် ပြသကြပြီး   အခမဲ့မျက်စိခွဲစိတ် ကုသပေးခြင်းကို  ဇန်နဝါရီ ၂၈ ရက်မှ  ဖေဖော်ဝါရီ   ၃ ရက်အထိ  ဆောင် ရွက်သွားမည်ဖြစ်ကြောင်း    သိရ သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
 
No comments:

Post a Comment