Saturday, January 31, 2015

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာများအား တွေ့ဆုံ

 Photo: ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သတင်းမီဒီယာများအား တွေ့ဆုံ

နေပြည်တော်    ဇန်နဝါရီ   ၃ဝ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့်  ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ  ဥက္ကဋ္ဌ သူရဦးအေးမြင့်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း     ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်းတို့ နှင့်အတူ ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်း ဌာနများနှင့်  ပြည်တွင်းသတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာနှင့် သတင်ထောက်များအား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်းမ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်တို့က သတင်းမီဒီယာသမားများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်   ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ   ဦးတီခွန်မြတ်နှင့် အတွင်းရေးမှူး ဦးစောလှထွန်း၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊  ဂျာနယ် ၂၃ ခုတို့မှ အယ်ဒီတာနှင့် သတင်းထောက် စုစုပေါင်း  ၄၆ ဦးတို့ တက်ရောက်ခဲ့ကြသည်။       

(သတင်းစဉ်)
 
No comments:

Post a Comment