Saturday, January 3, 2015

ဟာရန်ကုန်မြို့ပြမဟာဗျူဟာစီမံကိန်းအရ လေထုအရည်အသွေး စောင့်ကြည့်လေ့လာရန်နေရာများ ရွေးချယ်ထား






လထုညစ်ညမ်းမှုတိုင်းတာရေး စက်လေးလုံး
ပြည်ပမှမှာယူထားပြီး ယခုလကုန်တွင်
ရောက်ရှိဆောင်ရွက်နိုင်မည်ဟု သိရ

ရန်ကုန် ဇန်နဝါရီ ၂ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)တို့ ပူးပေါင်းရေးဆွဲသည့် မဟာရန်ကုန်မြို့ပြမဟာဗျူဟာစီမံကိန်းအရ ရန်ကုန်မြို့ပြ၏ လေထုအရည်အသွေး စောင့်ကြည့်လေ့လာရန် နေရာများရွေးချယ်ထားပြီး လေထုညစ်ညမ်းမှုကို တိုင်းတာဆောင်ရွက်မည့် စက်လေးလုံးကို ပြည်ပမှ မှာယူထားရာ ယခု ဇန်နဝါရီလကုန်တွင်
ရောက်ရှိဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သတင်းရရှိ သည်။

မြို့တော်စည်ပင်နှငီ(JICA)တို့ ပူးပေါင်းဆောင် ရွက်နေသည့် ရန်ကုန်မြို့ပြစီမံကိန်းMaster Plan အရ ၂ဝ၄ဝ ပြည့်နှစ်တွင် ရန်ကုန်မြို့ပြသည် လူဦးရေ ၁ဝ သန်းရှိသော မြို့ပြကြီးတစ်ခုဖြစ်လာမည်ဖြစ် သည့်အပြင် တိုးပွားလာမည့် လူဦးရေ၊ ယာဉ်အစီးရေ၊ အခြေခံအဆောက်အအုံများအပါအဝင် လေထုအရည်အသွေးစောင့်ကြည့်မှုများ၊ လေ့ထုညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်ရန် ရေးဆွဲထားကြာင်း သိရသည်။ လေထုအရည်အသွေး စောင့်ကြည့်ရန် လိုအပ်သည့် နေရာ ၄ဝ ကို ရွေးချယ် ထားရာတွင် ယခု လက်ရှိတွင် အဓိက လိုအပ်သည့် နေရာ ၁၅ နေရာခန့်တွင် လေထုအရည်အသွေး တိုင်းတာရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

''မြို့တော်စည်ပင်အနေနဲ့ ၂ဝဝ၇ ခုနှစ်မှာ လုပ်ငန်းခွင်ကျန်းမာရေး၊ အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တို့နဲ့ ပူးပေါင်းပြီး လေထုအရည် အသွေးတိုင်းတာမှုကို လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက တော့ စံချိန်စံညွှန်းမရှိသေးဘူး။ WHO ရဲ့guide line နဲ့ စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီတုန်းက နေရာ သုံးခုမှာတိုင်းဖို့ ဆောင်ရွက်ခဲ့တယ်။ စက်မှုဇုန်တွေကို ကိုယ်စားပြုတဲ့နေရာဖြစ်တဲ့ ဘုရင့်နောင်လမ်းက သစ်တောရုံးမှာ တိုင်းတယ်၊ လူနေထိုင်မှုဧရိယာဖြစ်တဲ့ ပြည်လမ်းကIBC မှာ တိုင်းတယ်။ ပြီးတော့ ဗဟိုစီးပွားရေးအချက်အချာCBDဧရိယာဖြစ်တဲ့ မြို့ထဲ (၃၈)လမ်းမှာ တိုင်းတာခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ ထပ်မံတိုင်းတာခဲ့ပြီးတော့ အမှုန်အမွှားတွေTSPN (Total Suspendent Particulate Matter) တွေဟာWHO စံနှုန်းထက်ကို ကျော်လွန်နေတယ်။ စက်မှုဇုန် တွေက ထွက်တာ၊ ကားတွေက ထွက်တာတွေကြောင့် များနေတယ်။ ၂ဝ၁၃ မှာ ဂျာမနGIZ က သင်တန်း လာပေးတယ်။ သူတို့နဲ့ပူးပေါင်းပြီး နေရာတွေ လိုက်စစ်ဆေးကြည့်တော့ ရွေးချယ်ထားတဲ့ နေရာ ၄ဝ မှာ အဓိက လိုနေတာက နေရာ ၁၅ နေရာ လောက်ပေါ့ အဲဒီမှာ လေထုအရည်အသွေးစောင့်ကြည့် ဖို့ပေါ့။ ၂ဝ၁၄ ဘဏ္ဍာနှစ်မှာ လေထုအရည်အသွေး တိုင်းတာရေး စက်လေးလုံး ဝယ်ယူဖို့ မြို့တော်ဝန်က ခွင့်ပြုတယ်။ အဲဒါ အမေရိကကို မှာထားတယ်။ ဒီလကုန်ကို ရောက်ရှိမှာ ဖြစ်ပြီး တိုင်းတာစစ်ဆေးမှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်'' ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်ထောက် ဌာနမှူး ဦးအောင်မြင့်မော်က ရှင်းပြသည်။

အဆိုပါ လေထုအရည်အသွေး တိုင်းတာရေးစက်များကို အထိုင်စနစ်ဖြင့် နေရာသုံးခုတွင် ဆောင်ရွက် သွားမည်ဖြစ်ပြီး စက်တစ်လုံးကို ရွေ့လျားစနစ်ဖြင့် တိုင်းတာသွားမည်ဟု သိရသည်။ မြို့တော်ဧရိယာအတွင်း လေထုအရည်အသွေးကို တိတိကျကျသိရှိ နိုင်ရန်နှင့် လေထုညစ်ညမ်းမှုအပေါ် ထိန်းသိမ်းကာကွယ်မှုနည်းလမ်းများ၊ အများပြည်သူ အသိပညာ ဖြန့်ဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရန် ရည်ရွယ်သည်ဟု သိရသည်။

HAZ Scanner E passအမျိုးအစား စက်တွေကို ဝယ်ထားတာပါ။ ၃ နေရာမှာ အထိုင်စနစ်နဲ့ ဆောင်ရွက်မှာပါ။ မြို့တော်ခန်းမရှေ့ ဗန္ဓုလပန်းခြံ ရယ်၊ လှည်းတန်းခုံးကျော်တံတားနားရယ်၊ မင်္ဂလာဒုံ အုပ်ချုပ်ရေးမှူးရုံးနေရာမှာရယ် ထားမှာပါ။ ကျန်တဲ့ စက်တစ်လုံးကတော့ ရွေ့လျားစနစ်နဲ့တိုင်းတာမှာပါ။ စက်တွေကို ဆိုလာစနစ်နဲ့ဟာတွေ ဝယ်ထားပါတယ်။ network ချိတ်ဆက်နိုင်ဖို့ စဉ်းစားထားပါတယ်။ ရုံးချုပ်ကနေ အချက်အလက်တွေ လှမ်းယူလို့ရမယ့် စနစ်တွေပေါ့။ အခုWHOရဲ့guide line နဲ့ပဲ သွားမှာပါ WHO ရဲ့ စံချိန်စံနှုန်းတွေကို ကျော်လွန် ရင်တော့ လေထုညစ်ညမ်းမှု လျှော့ချဖို့ ဆောင်ရွက်မှာပါ။ ရလဒ်တွေ သိရတာနဲ့ဆောင်ရွက်သွားမှာပါ။ အဓိက ကတော့ ရန်ကုန်လေထုမှာ အမှုန်အမွှားတွေ များပြားနေတာပါ။TSPM မများအောင် စိမ်းလန်း မှုဧရိယာတွေ ထားရမယ်။ သစ်ပင်ထားရမယ်။ ကားလမ်းတွေကို ရေဆေးပြီး သန့်စင်အောင် လုပ်ရမယ်။ ကွန်ကရစ်လမ်းတွေကလည်း ဖုန်အမှုန်ပိုများတယ်။ တာယာပွန်းစားမှုများတယ်။ လေထုအရည် အသွေးစောင့်ကြည့်ရေးအဖွဲ့ဖွဲ့ထားပါတယ်။ ပုံမှန် အချက်အလက်ယူမယ့်အပြင် ရွေ့လျားအဖွဲ့တွေကို လည်း ဖွဲ့ထားတယ်။ တိုင်းတာရေးစက်နဲ့ ပတ်သက်ပြီး စာတွေ့၊ လက်တွေ့ သင်တန်းတွေ ပေးထားပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ စက်လေးလုံးကို မြန်မာကျပ်ငွေ သိန်း ၁ဝ၄ဝ ကုန်ကျကြောင်းသိရပြီး လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရန် မြို့နယ်အလိုက် လျာထားသော နေရာများမှာ မြောက်ဥက္ကလာပအဝိုင်း၊ သင်္ဃန်းကျွန်းစံပြဈေး၊ မင်းနန္ဒာလမ်းနှင့် ဇင်္ဂမလမ်းထောင့်၊ သဒ္ဒါရုံလမ်း(ဘောလုံးကွင်းအနီး)၊ မင်္ဂလာဈေးလမ်းဆုံ၊ ရန်ကုန်ဘူတာကြီး၊ ရွှေဂုံတိုင်လမ်းဆုံ၊ တက္ကသိုလ်ရိပ်သာလမ်းဆုံ၊ ဘုရင့်နောင် လမ်းဆုံ၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံ၊ သခင်မြပန်းခြံ၊ ဗိုလ်ချုပ်လမ်း(သူနာပြုတက္ကသိုလ် အနီး)၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်း (ခုံးကျော်တံတား)၊ မဟာဗန္ဓုလပန်းခြံ၊ မင်္ဂလာဒုံ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့တို့ ဖြစ်သည်။

သတင်း-(ဝဝ၁)၊ ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment